တရုတ်က နီပေါလူငယ်များထံမှ အလုပ်အကိုင်အခွင့်အလမ်းများကို လုယူနေ

တရုတ်က နီပေါလူငယ်များထံမှ အလုပ်အကိုင်အခွင့်အလမ်းများကို လုယူနေ

နီပေါနိုင်ငံ၌ ဝန်ချီစက်မတော်တဆဖြစ်မှုကြောင့် မေလအတွင်းက တရုတ်နိုင်ငံသား ၃ ဦး သေဆုံးခဲ့သည့်ဖြစ်ရပ် က တရုတ်သည် ၎င်းနိုင်ငံသားများကို အလုပ်ပေးရန် နီပေါနိုင်ငံတွင်းသို့ ခေါ်သွင်းနေကြောင်း ပေါ်ပေါက်လာခဲ့ပြီး နီပေါနိုင်ငံသားများမှာ အလုပ်လက်မဲ့ဖြစ်နေကြရကြောင်း တွေ့ရှိခဲ့ရသည်။

ဧပြီလနောက်ဆုံးပတ်က Kathmandu-Terai (Madhesh) အမြန်လမ်းပေါ်၌ ဝန်ချီစက် မတော်တဆဖြစ်မှုက စီမံကိန်းတွင်  တရုတ်နိုင်ငံသားအများအပြားခန့်ထားပြီး နီပေါနည်းပညာသမားအနည်းငယ်သာ ခန့်ထားကြောင်း ပေါ်ပေါ်လာသည်ဟု Khabar Hub သတင်းဌာနက ဖော်ပြသည်။

အဆိုပါစီမံကိန်းအတွက် နီပေါနိုင်ငံတွင် အလုပ်လုပ်ရန် တရုတ်နိုင်ငံသားမည်မျှ အလုပ်လုပ်ခွင့်ရထားကြောင်းကို မူ ထုတ်ဖော်ပြောထားခြင်းမရှိပေ။

ထို့ပြင် နိုင်ငံ၏ အထင်ကရ စီမံကိန်းကန်ထရိုက် လုပ်ငန်းဖြစ်သည့် နီပေါစစ်တပ်ကလည်း နိုင်ငံခြားသားနည်းပညာရှင်မည်မျှကို အလုပ်လုပ်ကိုင်ခွင့် ပေးထားကြောင်းလည်း ထုတ်ပြန်ထားခြင်းမရှိပေ။

နီပေါနိုင်ငံတွင်း၌ အင်ဂျင်နီယာအများအပြားမှာ အလုပ်အကိုင်များ ဆုံးရှုံးလျက်ရှိပြီး နိုင်ငံခြားသို့ ထွက်ခွာနေရချိန်တွင် အခြားတစ်ဖက်၌ တရုတ်နိုင်ငံသားအများအပြားက နီပေါရှိ နိုင်ငံ့ဂုဏ်ဆောင် စီမံကိန်းများတွင် အလုပ်ရနေကြသည်။

အလုပ်သမားတစ်ဦးသေဆုံးပြီးနောက်ပိုင်း အာမခံပြဿနာများလည်း ပေါ်ပေါက်လာသည်။ တရုတ်ကွန်ထရက်တာသည် Rastriya Beema Samiti ထက် ပုဂ္ဂလိကကဏ္ဍများဖြစ်သည့် Nepal Insurance၊ Sanima Insurance၊ and Premier Insurance စသည့် အာမခံကုမ္ပဏီများထံမှ အာမခံငွေရရန် ကြိုးပမ်းလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly