တရုတ်အိမ်ခြံမြေအရှုပ်အထွေးက ကမ္ဘာ့စီးပွားရေးအတွက် အနှောင့်အယှက်ဖြစ်လာ

တရုတ်အိမ်ခြံမြေအရှုပ်အထွေးက ကမ္ဘာ့စီးပွားရေးအတွက် အနှောင့်အယှက်ဖြစ်လာ

တရုတ်နိုင်ငံ၏ အိမ်ခြံမြေကုမ္ပဏီများ ဆုတ်ယုတ်ကျဆင်းမှုသည် နိုင်ငံအတွက်သာမက ကမ္ဘာ့စီးပွားရေးအတွက်ပါ အဓိကပြဿနာတစ်ရပ် ဖြစ်လာသည်။

အိမ်ခြံမြေကုမ္ပဏီများနှင့် အိမ်ဝယ်သူများသည် ဘဏ်များမှ ချေးငွေယူရန် ဆန္ဒရှိသော်လည်း တရုတ်နိုင်ငံအတွက် အချိန်အခါကောင်းများသည် မနှစ်က ကုန်ဆုံးသွားခဲ့သည်။

အိမ်ရာကြွေးမြီသည် အမေရိကန်ဒေါ်လာ ၁၀ ထရီလီယံကျော်ရှိသည်။ တရုတ်နိုင်ငံရှိ ဘဏ်ချေးငွေ ၂၇ ရာခိုင်နှုန်းခန့်သည် အိမ်ခြံမြေနှင့် ဆက်စပ်နေကြောင်း မူဝါဒသုတေသနအဖွဲ့ (POREG) က အစီရင်ခံတင်ပြခဲ့သည်။

အိမ်ရာဈေးကွက်သည် အဆောက်အအုံများကဲ့သို့ပင် ဈေးနှုန်းများ မြင့်မားစွာ မြင့်တက်လာခြင်းကြောင့် တရုတ်က ၎င်းကို အမျိုးသားရေးခြိမ်းခြောက်မှုအဖြစ် ရှုမြင်လာသည်ဟု New York Times က ဖော်ပြသည်။

အိမ်ခြံမြေကုမ္ပဏီများသည် ဘဏ်ချေးငွေများအပြင် ပြည်တွင်း ပြည်ပစာချုပ်များ၊ ယုံကြည်မှုချေးငွေများနှင့် ဓနစီမံခန့်ခွဲမှု ထုတ်ကုန်များဖြင့် ငွေချေးယူကြသည်။ ထို့ကြောင့် ငွေချေးသူများသည် အဖွဲ့အစည်းများမှစ၍ ပြည်တွင်းပြည်ပရှိ သာမန်လူများအထိ ကျယ်ပြန့်လာသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ အိမ်ခြံမြေကြွေးမြီကို တရုတ်ချေမှုန်းခြင်းသည် ကော်ပိုရိတ်ကြွေးမြီများကို ထိန်းချုပ်ရန် နိုင်ငံ၏တိုက်ပွဲ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ကော်ပိုရိတ်အများစုကို နိုင်ငံပိုင်ကုမ္ပဏီများ (SOEs) မှ ချုပ်ကိုင်ထားသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းလာမှုကြောင့် အမေရိကန်ဗဟိုဘဏ်သည် ကမ္ဘာ့စီးပွားရေးကို ထိခိုက် လာမည်ကို စိုးရိမ်နေသည်။ “တရုတ်အိမ်ခြံမြေကဏ္ဍရဲ့ ဖိအားတွေက တရုတ်ဘဏ္ဍာရေးစနစ်ကို ထိခိုက် စေနိုင်ပြီးတော့ အမေရိကန်ကို ကူးစက်လာနိုင်ပါတယ်” ဟု အမေရိကန်ဗဟိုဘဏ်က မကြာသေးမီက ဘဏ္ဍာရေးတည်ငြိမ်မှုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တရုတ်အစိုးရသည် အိမ်ခြံမြေစျေးနှုန်းများကို ကျဆင်းစေပြီး ဂျီဒီပီ၏အရင်းအမြစ်အဖြစ် အိမ်ခြံမြေ အဆောက်အအုံအပေါ် မှီခိုအားထားမှုကို လျှော့ချကာ အခြားသော ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းများ ဖော်ဆောင်ခြင်းသည် အိမ်ရာဈေးကွက်အတွင်း မှန်းဆလုပ်ဆောင်ရမှုများကို ဟန့်တားနိုင်ပေလိ့မ်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly