အငြင်းပွားနေသော တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တရုတ်အပေါ်နိုင်ငံတကာ၏ ဆုံးဖြတ်ချက် အတိုင်း လက်ကိုင်ထားမည်ဟု ဖိလစ်ပိုင်သမ္မတသစ် ပြောကြား

အငြင်းပွားနေသော တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တရုတ်အပေါ်နိုင်ငံတကာ၏ ဆုံးဖြတ်ချက် အတိုင်း လက်ကိုင်ထားမည်ဟု ဖိလစ်ပိုင်သမ္မတသစ် ပြောကြား

အငြင်းပွားနေသော တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တရုတ်အပေါ်နိုင်ငံတကာ၏ စီရင်ချက် အတိုင်း လက်ကိုင်ထားမည်ဟု အသစ်ရွေးကောက်ခံထားရသော ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်၏ “ပင်လယ်ကမ်းရိုးတန်းအခွင့်အာဏာများ” ကို နင်းချေရန် “တစ်မီလီမီတာ” မျှ ခွင့်ပြုမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်ကို ပြတ်သားခိုင်မာစွာ ပြောဆိုဆက်ဆံရန်လည်း ၎င်းက ကတိပြုထားကြောင်း NHK World သတင်းဌာနက ဖော်ပြသည်။

ဖာဒီနန်မားကို့စ်သည် ယခုလရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်းနှင့် နိုင်ငံ၏ သမ္မတသစ် ဖြစ်လာမည်ဟု ဖိလစ်ပိုင် ကွန်ဂရက်၏ မေ ၂၅ရက်က ပူးတွဲအစည်းအဝေးတွင် အတည်ပြုကြေညာခဲ့ပြီးနောက် ၎င်းက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ခုံသမာဓိခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် အခြေခံ၍ တောင်တရုတ်ပင်လယ်တွင် ယင်းတို့၏ အငြင်းပွားမှုများနှင့် ပတ်သက်၍ မားကို့စ်အစိုးရသည် တရုတ်နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ၂၀၁၆ခုနှစ် စီရင်ချက်သည် ရေပိုင်နက်အားလုံးနီးပါးအတွက် တရုတ်၏တောင်းဆိုချက်များကို ပယ်ချခဲ့သည်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို တရုတ်က အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်းကို အခိုင်အမာ တောင်းဆိုထားပြီး ယင်းတွင် ဘရူးနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့နှင့် တောင်းဆိုထားသည့် နယ်မြေများပါ ပါဝင်နေသည်။

တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့တွင် တရုတ်က တရားမဝင်ရေကြောင်းသွားလာမှု တိုးမြှင့် လုပ်ဆောင် လျက်ရှိသည်။

၂၀၁၄ခုနှစ်စတင်၍ ၁၉၈၂ခုနှစ် ပင်လယ်ပြင် ဥပဒေ ကွန်ဗင်းရှင်းတွင် ထင်ဟပ်ဖော်ပြထားသည့် အပြည်ပြည် ဆိုင်ရာဥပဒေနှင့်မကိုက်ညီသော တောင်တရုတ်ပင်လယ်၏ ကျယ်ပြန့်သော အစိတ်အပိုင်းကို တရုတ်က အခိုင်အမာတောင်းဆိုထားသည်။

တောင်တရုတ်ပင်လယ်တွင် တရားမဝင် အနိုင်ကျင့်သည့် လုပ်ရပ်များကို ရပ်တန့်ရန် ယင်းတို့က တရုတ်ကို တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly