အီရတ် ဟိုတယ်တစ်လုံးမီးလောင်၍ ဖိလစ်ပိုင်နိုင်ငံသားများ အပါအဝင် ၁၉ ဦးသေဆုံး

အီရတ် ဟိုတယ်တစ်လုံးမီးလောင်၍ ဖိလစ်ပိုင်နိုင်ငံသားများ အပါအဝင် ၁၉ ဦးသေဆုံး

ဘဂ္ဂဒက်၊ ဖေဖော်ဝါရီ ၆ ။           ။ အီရတ်နိုင်ငံ ကာဒစ်စတန်ပြည်နယ် အီဘေးမြို့တော်တွင် ဟိုတယ်တစ်လုံးမီးလောင်မှုဖြစ်ရာ အနည်းဆုံး လူ ၁၉ ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

သေဆုံးသူများမှာ ဖိလစ်ပိုင်နိုင်ငံသား ၁၄ ဦး၊ အီရတ် သုံးဦးနှင့် ပါလက်စတိုင်းတစ်ဦးတို့ဖြစ်ပြီး ကျန်တစ်ဦးက မည်သည့်နိုင်ငံသားဖြစ်ကြောင်း အတည်မပြုနိုင်သေးကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး နာဇက်ဟာဒီက ပြောသည်။

Capitol Hotel မီးလောင်မှုတွင် ဒဏ်ရာရသူ အများအပြားလည်း ရှိခဲ့သည်။ ဟိုတယ်တွင် လျှပ်စစ်ဝါယာရှော့ကြောင့် မီးေလောင်ခြင်းဖြစ်နိုင်သည်ဟု ဟာဒီက ပြောသည်။ မီးလောင်မှုအတွင်းသေဆုံး သူများတွင် ဖိလစ်ပိုင်များပါဝင်ကြောင်း ဟိုတယ်ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ကာဒစ်စတန်ဒေသည် အီရတ်မြောက်ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး အီရတ်နှင့် အိမ်နီးချင်းဆီးရီးယားတို့က နယ်မြေဒေသအများစုကို ထိန်းချုပ်ထားသည့် အိုင်အက်စ်တို့ကို ဆန့်ကျင် တိုက်ခိုက်ရာ ရှေ့တန်းတပ်ဦးနယ်မြေလည်းဖြစ်သည်။

ဒေသသည် ၂၀၀၃ ခုနှစ်က ရေနံစီးပွားရေးဖြင့် ပွင့်လန်းလာပြီး နိုင်ငံခြားသားအလုပ်သမားများအတွက် ဆွဲဆောင်ရာ ဒေသတစ်ခုဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly