တရုတ်တွင် အိပ်ပျော်နေသော ကျောင်းသားအား ဆရာက ရက်စက်စွာရိုက်နှက်သည့် ဗီဒီယိုဖိုင်ကြောင့် ပြည်သူများ ဒေါသထွက် 

တရုတ်တွင် အိပ်ပျော်နေသော ကျောင်းသားအား ဆရာက ရက်စက်စွာရိုက်နှက်သည့် ဗီဒီယိုဖိုင်ကြောင့် ပြည်သူများ ဒေါသထွက် 

တရုတ်တွင် ဒေါသထွက်နေသော ဆရာက ကျောင်းသားတစ်ဦးကို ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်နေသည့် ဗီဒီယိုထွက်ပေါ်လာပြီးနောက် နိုင်ငံတစ်ဝန်းဒေါသဖြစ်စေခဲ့ကာ တရုတ်ကျောင်းများတွင် ရိုက်နှက်ပြစ်ဒဏ် ပေးခြင်းကိစ္စကို ဆွေးနွေးမှုကို ပြန်လည်ဆွေးနွေးလာကြသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကျောက်ထုန်ခရိုင်မြို့၊ ကျောင်းတစ်ကျောင်းရှိ စာသင်ခန်း တွင် အိပ်ပျော်သွားသူ မိသားစုအမည် လျှိုဟု သိရသည့် နဝမတန်းကျောင်းသားအား ဆရာဖြစ်သူ မားက ရိုက်နှက်သည့်ပုံကို မေ ၁၀ရက်က ဗီဒီယိုရိုက်ယူခဲ့သည်။

တရုတ်ဗီဒီယိုမျှဝေသည့်ဆိုဒ် Douyin တွင် ပျံ့နှံ့သွားသော ဗီဒီယိုတွင် ဆရာက ကောင်လေးကို ဆံပင်များ ဆွဲကာ လှုပ်နှိုးနေသည်ကို မြင်တွေ့ရသည်။ ထို့နောက် ဆရာက သူ့ကို ကြမ်းပြင်ပေါ်သို့ တွန်းချပြီး စတင် ကန်ကျောက်ခဲ့သည်။

ဆရာမားသည် လျှိုကို တံခါးဆီသို့ ဆွဲခေါ်သွားကာ အတန်းအပြင်သို့ ထုတ်ပစ်သည်ကို တွေ့မြင်ခဲ့ရသည်။

နောက်ရက်အနည်းငယ်ကြာသည်အထိ ကျောင်းဆက်တက်နေသည့် ဆရာကို ကျောင်းက အစပိုင်းတွင် အရေးယူခဲ့ခြင်း မရှိပေ။

သို့သော် ယင်းအဖြစ်အပျက် ဗီဒီယိုပျံ့နှံ့သွားပြီးနောက် လူမှုကွန်ရက်အသုံးပြုသူများက ကျောင်းအာဏာပိုင်များ ကို အရေးယူခြင်းမပြုသည့်အတွက် ဝေဖန်မှုများစတင်ထွက်ပေါ်လာပြီးနောက် ဒေသဆိုင်ရာအစိုးရက ၎င်းကို သင်ကြားရေးမဟုတ်သည့် အလုပ်တစ်ခုကို မေ ၂၂ ရက်က လွှဲပြောင်းပေးလိုက်ကြောင်း ကြေညာခဲ့သည်။

ကျောင်းသားမိဘများက ယင်းဖြစ်ရပ်ကို အစပိုင်းတွင် မသိခဲ့ကြဘဲ ဗီဒီယိုဖိုင် ပျံ့နှံ့သွားပြီးနောက်မှ သိခဲ့ရကြောင်း တရုတ်မီဒီယာများက ဆိုသည်။

လျှိုမိသားစုက ယင်းအဖြစ်အပျက်ကြောင့် ကောင်လေးစိတ်ပိုင်းဆိုင်ရာဒဏ်ရာရမည်ကို စိုးရိမ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly