တွစ်တာက အစွန်းရောက်အကောင့်ပေါင်း တစ်သိန်းကျော်ကို ပိတ်ပစ်

တွစ်တာက အစွန်းရောက်အကောင့်ပေါင်း တစ်သိန်းကျော်ကို ပိတ်ပစ်

နယူးယောက်၊ ဖေဖော်ဝါရီ ၆ ။             ။ အစွန်းရောက်အကြမ်းဖက်အပြုအမှုများကို သွေးထိုးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများရှိနေသည့် တွစ်တာအကောင့်များကို ၂၀၁၅ နှစ်လယ်မှစကာ ပိတ်ပစ်လာခဲ့ရာ အကောင့်ပေါင်း ၁၂၅၀၀၀ ကျော်ထက်မနည်းရှိနေပြီဖြစ်ကြောင်း တွစ်တာက ပြောသည်။

ယင်းအကောင့်များသည် အိုင်အက်စ်တို့နှင့် အဓိကချိတ်ဆက်မှုရှိနေကြောင်း အမေရိကန်အခြေစိုက် ယင်းတွစ်တာကုမ္ပဏီက ပြောသည်။

"အကြမ်းဖက်မှုကို တွန်းအားပေးဖို့ တွစ်တာကို သုံးစွဲခြင်းကို ကျွန်တော်တို့ ရှုတ်ချပါတယ်။"ဟု ယင်းကုမ္ပဏီဘလော့ဂ်တွင် ရေးသားထားပြီး ယင်းသို့အကောင့်များကို မြန်မြန်ဆန်ဆန် တုံ့ပြန်သွားမည်ဖြစ်ကြောင်းလည်း ပြောသည်။

ကမ္ဘာတစ်ဝန်းတွင် တွစ်တာအသုံးပြုသူပေါင်းမှာ သန်း ၅၀၀ ကျော်ထက်မနည်းရှိနေသည်။

အမေရိကန်အပါအဝင် ကမ္ဘာတစ်လွှားက အစိုးရများကလည်း လူမှုမီဒီယာကုမ္ပဏီများသို့ အကြမ်းဖက်မှုများကို လှုံ့ဆော်သည့် အွန်လိုင်းပေါ်က လုပ်ဆောင်ချက်များကို ချေဖျက်သွားပစ်ရန် တိုက်တွန်းထားသည်။

၂၀၁၄ နှစ်ကုန်အထိ တွက်ချက်ခန့်မှန်းမှုအရ အစွန်းရောက်လုပ်ရပ်များ လုပ်ကိုင်ရာတွင် လူမှုမီဒီယာကိုသုံးသော အကောင့်ပေါင်းက ၄၆၀၀ ဝန်းကျင်ရှိနေကြောင်းခန့်မှန်းထားရာ တစ်နှစ်အတွင်း အရေအတွက် ထိုးတက်သွာခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly