အမေရိကန် အရာရှိများ၏ ခရီးစဉ်ကြောင့် တရုတ်က နီပေါကို သတိပေး

အမေရိကန် အရာရှိများ၏ ခရီးစဉ်ကြောင့် တရုတ်က နီပေါကို သတိပေး

အမေရိကန်အရာရှိများ နီပေါသို့ ဆက်တိုက်ဆိုသလို လာရောက်လည်ပတ်ချိန်တွင် ၎င်းတို့ထဲမှ တစ်ဦးသည် ခတ္တမန္ဒူမြို့တွင် တိဗက်ဒုက္ခများသည်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့်အတွက် 'တရုတ်တစ် နိုင်ငံမူဝါဒ' ကို အခြားအချက်များကြောင့် မထိခိုက်စေသင့်ကြောင်း တရုတ်က နီပေါကို သွယ်ဝိုက်ပြောဆိုရန်ကြိုးစား ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အူဇာ ဇေယျာက နီပေါရှိ တိဗက်စခန်း ၂ ခုသို့ သွားရောက် လည်ပတ်မှုနှင့် ပတ်သက်၍ နီပေါ-တရုတ် အတိုင်ပင်ခံ ယန္တာရား ၁၄ ကြိမ်မြောက် အစည်းအဝေးတွင် တရုတ် ဘက်မှ မကျေနပ်ကြောင်း ထုတ်ဖော်ပြသခဲ့သည်ဟု The Kathmandu Post သတင်းတွင် ဖော်ပြထားသည်။

'တရုတ်ဘက်က ဒီတွေ့ဆုံမှုအကြောင်းကို မပြောပေမယ့် သတင်းစကားက ရှင်းပါတယ်' ဟု အစည်း အဝေးတွင် ပါဝင်သူတစ်ဦးကို ကိုးကား၍ Post က ဖော်ပြခဲ့သည်။

နီပေါ-တရုတ် အတိုင်ပင်ခံ ယန္တာရားအစည်းအဝေးအား နီပေါနိုင်ငံခြားရေးဝန်ကြီး ရာ့ဂျ်ပေဒယ်နှင့် တရုတ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝူကျန်းဟောင်တို့က ဦးဆောင်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဒါဇင်ကျော်တက်ရောက်ခဲ့ကြောင်း နီပေါနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

နီပေါက ကန့်ကွက်သော်လည်း နီပေါအစိုးရ၏ တိဗက်ဒုက္ခသည်များဆိုင်ရာ အထူးညှိနှိုင်းရေးမှူးလည်း ဖြစ်သည့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အူဇာ ဇေယျာက ခတ္တမန္ဒူမြို့ရှိ တိဗက်ဒုက္ခသည် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း အဆိုပါ သတင်းစာက ဖော်ပြသည်။

သူမ မရောက်လာမီ နာရီပိုင်းအလိုအထိ နီပေါနိုင်ငံခြားရေး ဝန်ကြီးဌာနသည် တိဗက်ဒုက္ခသည် ခေါင်းဆောင် များနှင့် တွေ့ဆုံမည့်အကြောင်းကို မသိခဲ့ကြောင်း The Kathmandu Post က ဖော်ပြခဲ့သည်။

နီပေါဘက်ကတော့ တရုတ်တစ်နိုင်ငံမူဝါဒကို အတိအကျ လိုက်နာပြီး အိမ်နီးချင်းနိုင်ငံများကို ဆန့်ကျင်ရန် ယင်း၏ မြေပေါ်တွင် ခွင့်ပြုမည်မဟုတ်ကြောင်း နီပေါဘက်က ကတိပြုထားကြောင်း နီပေါအရာရှိများက ပြောကြားခဲ့သည်။

“တရုတ်ဘက်က နီပေါရဲ့ ကတိကဝတ်ကို အသိအမှတ်ပြုပါတယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly