ရုရှား-ယူကရိန်းစစ်ပွဲကြောင့် တရုတ်၏ အနောက်ဘက်သို့ နယ်မြေချဲ့နေသည့် BRI စီမံကိန်းများ၏ အလားအလာ မှေးမှိန်

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် တရုတ်၏ အနောက်ဘက်သို့ နယ်မြေချဲ့နေသည့် BRI စီမံကိန်းများ၏ အလားအလာ မှေးမှိန်

တရုတ်၏ အနောက်ဘက်သို့ ပိုးလမ်းမသစ်စီမံကိန်း(BRI)ချဲ့ထွင်ရေး၊ အစွန်းအဖျားဒေသများလုံခြုံရေးနှင့် အမေရိကန်နှင့် တရုတ် မဟာဗျူဟာ ပြိုင်ဆိုင်မှုဆိုင်ရာ ကိစ္စရပ်များကို တရုတ်က ဆန်းစစ်ရန်လိုအပ်ချိန်တွင် ရုရှား-ယူကရိန်းစစ်ပွဲရလဒ်ကြောင့်ဖြစ်ပေါ်လာသော ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲများက တရုတ်၏ မဟာဗျူဟာနှင့် စီးပွားရေးစီမံကိန်းများအပေါ် သက်ရောက်မှုကြီးလာမည်ဖြစ်သည်။

ပြည်တွင်းချေးငွေအဆင့်သတ်မှတ်ရေးအေဂျင်စီ တရုတ်နိုင်ငံတကာချန်ရှင်းကုမ္ပဏီ(CCXI) ၏ အဆိုအရ ရုရှား-ယူကရိန်းပဋိပက္ခသည် ယူကရိန်းမှ တဆင့် တရုတ်-ဥရောပကုန်စည်ပို့ဆောင်ရေးရထားလမ်း ဝန်ဆောင်မှုများ ကို ရပ်တန့်ခြင်း သို့မဟုတ် လမ်းကြောင်းပြောင်းခြင်းတို့ကြောင့် BRI ၏ တိုးတက်မှုကို ကြီးမားစွာ သက်ရောက်မ ရှိစေခဲ့ကြောင်း မူဝါဒသုတေသနအုပ်စု (POREG)က ဖော်ပြခဲ့သည်။

ယူကရိန်းတွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၄ ဘီလီယံတန်ဖိုးရှိသည့် တရုတ်စီမံကိန်းများ၏ တိုးတက်မှုကို လည်း သိသာထင်ရှားစွာ ရပ်တန့်သွားစေခဲ့သည်။

BRI တွင် တရုတ်၏ စီးပွားရေးလုံခြုံရေးကိုလည်း ထိခိုက်နိုင်သည်ဟု တရုတ်ပညာရှင်အဖွဲ့များက ယူဆ ကြသည်။ စီမံကိန်း၏ လမ်းကြောင်းတစ်လျှောက် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အန္တရာယ်များလည်း တိုးလာဖွယ်ရှိနေသည်။

ထို့ပြင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်လက်ပြင်းထန်လာကာ ရုရှားနှင့် ယူကရိန်းကြား ပဋိပက္ခများ အရှိန်မြင့်လာသဖြင့် တရုတ်၏ ရင်းနှီးမြှုပ်နှံမှု အန္တရာယ်လည်း မြင့်တက်လာနိုင်သည်။

အာရှအလယ်ပိုင်းနိုင်ငံများတွင် စီးပွားရေးတုံ့ဆိုင်းမှုကြောင့် BRI တည်ဆောက်မှုမှာလည်း အဟန့် အတားဖြစ် စေနိုင်သည်ဟု POREG က ဖော်ပြခဲ့သည်။

တရုတ်နှင့် BRI စီမံကိန်းများတွင် ပါဝင်သည့် နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် တရုတ်သည် ရုရှားနှင့် စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းစေသင့်ကြောင်း တရုတ် ကျွမ်းကျင်သူများက ပြောဆိုကြသည်။

သို့သော် BRI စီမံကိန်းများသည် ကြွေးမြီထောင်ချောက်များကဲ့သို့ ပါဝင်နေသော နိုင်ငံများအတွက် အန္တရာယ် များ ရှိနေသည်ဟု ဝေဖန်သူများက ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly