ရှင်ကျန်းရှိ လူနည်းစုများအပေါ် တရုတ်၏ ပြုမူဆက်ဆံမှုကို ဗြိတိန် ပြစ်တင်ဝေဖန်

ရှင်ကျန်းရှိ လူနည်းစုများအပေါ် တရုတ်၏ ပြုမူဆက်ဆံမှုကို ဗြိတိန် ပြစ်တင်ဝေဖန်

တရုတ်နိုင်ငံတွင် ဝီဂါအမျိုးသား၊ အမျိုးသမီးများနှင့် ဆယ်ကျော်သက်များအား အကျဉ်းထောင်ကဲ့သို့သော အခြေအနေမျိုးတွင် ထိန်းသိမ်းခံထားရကြောင်း သတင်းပေါက်ကြားမှုအသစ်တစ်ခုကြောင့် ရှင်ကျန်းရှိ လူနည်းစုများအပေါ် တရုတ်၏ ပြုမူဆက်ဆံပုံကို ဗြိတိန်က ပြစ်တင်ဝေဖန်လိုက်သည်။

ရှင်ကျန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာ အသစ်များကို စုံစမ်းစစ်ဆေးရန် ဗြိတိန် ထိပ်တန်း သံတမန်က တောင်းဆိုထားသည်ဟု သတင်းထွက်ပေါ်နေသည်။

အထောက်အထားအသစ်များကို ကိုးကား၍ တရုတ်နိုင်ငံ ရှင်ကျန်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးလစ်ထရပ်စ်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်ဟု Global Times သတင်းတွင် ဖော်ပြထားသည်။

ဗြိတိန်ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်သည့်အနေဖြင့် မေလ ၂၄ရက်တွင် ဗြိတိန်နိုင်ငံရေး သမား များ၏ မှတ်ချက်များနှင့် ပတ်သက်၍ ဝေဖန်ခဲ့ပြီး ၎င်းတို့တွင် တာဝန်မဲ့သော မှတ်ချက်များပြုပိုင်ခွင့်မရှိကြောင်း နှင့် တရုတ်အစိုးရနှင့် ကုလသမဂ္ဂ (UN) သို့ အမိန့်ထုတ်ပြန်ရန် ပြောပိုင်ခွင့်မရှိကြောင်း ပြောကြားခဲ့သည်။

Global Times ၏ အဆိုအရ ရှင်ကျန်းရှိ လူနည်းစုတိုင်းရင်းသားများအတွက် လျှို့ဝှက်စခန်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းအချို့ကို ထုတ်ပြန်ခဲ့သည့် ဗြိတိန်အခြေစိုက် သတင်းဌာနအား တုံ့ပြန်ရာတွင် ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ဘီဘီစီကို မေလ ၂၄ရက်က တွစ်တာတွင် ပြစ်တင်ဝေဖန်ခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်က ကုလသမဂ္ဂမဟာမင်းကြီးနှင့် ဗီဒီယိုခေါ်ဆိုမှုအတွင်း လူမျိုးစုလူနည်းစုများအပေါ် အနိုင်ကျင့်မှုနှင့်ပတ်သက်၍ တရုတ်အစိုးရ၏ မှတ်တမ်းကို ကာကွယ်ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံ ရှင်ကျန်းဒေသတွင် ဖမ်းဆီးထိန်းသိမ်းခံရထားရသော ဝီဂါများအပေါ် အလွဲသုံးစားလုပ်မှုများ အ ကြောင်း အသေးစိတ်အချက်အလက်များ သိမ်းဆည်းထားသည့် ဓာတ်ပုံနှင့် စာရွက်စာတမ်းများ မကြာသေး မီက ပေါက်ကြားပြီးနောက် အဆိုပါတွေ့ဆုံမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required