အရှေ့နှင့် တောင်တရုတ်ပင်လယ် လက်ရှိအနေအထားအား တစ်ဖက်သတ်ပြောင်းလဲနေခြင်းကို QUAD အဖွဲ့က ပြင်းထန်စွာ ကန့်ကွက်

အရှေ့နှင့် တောင်တရုတ်ပင်လယ် လက်ရှိအနေအထားအား တစ်ဖက်သတ်ပြောင်းလဲနေခြင်းကို QUAD အဖွဲ့က ပြင်းထန်စွာ ကန့်ကွက်

အရှေ့နှင့် တောင်တရုတ်ပင်လယ် အပါအဝင် စည်းမျဉ်းအခြေခံသော ရေကြောင်းသွားလာမှုဆိုင်ရာ စိန်ခေါ်မှု များကို ဖြည့်ဆည်းပေးမည်ဟု QUAD ထိပ်သီးအစည်းအဝေးအတွင်း အဖွဲ့ဝင်နိုင်ငံများက ကတိပြုခဲ့ပြီး လက်ရှိအနေအထားကို ပြောင်းလဲရန် ကြိုးပမ်းနေသည့် အကျပ်ကိုင်မှု၊ ရန်စမှု သို့မဟုတ် တစ်ဖက်သတ် လုပ်ဆောင်မှုများကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည်။

“အထူးသဖြင့် ပင်လယ်ပြင်ဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (UNCLOS) နဲ့ လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်နဲ့ ပျံသန်းမှုတို့ကို ဆက်လက်ထိန်းသိမ်းရေးတို့ကို အရှေ့နှင့် တောင်တရုတ်ပင်လယ်အပါအဝင် ပင်လယ်ရေကြောင်း စည်းမျဉ်းတွေကို အခြေခံတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ နိုင်ငံတကာဥပဒေကို လိုက်နာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပူးတွဲ QUAD ကြေညာချက်တွင် ဖော်ပြထားသည်။

“လက်ရှိအနေအထားကို ပြောင်းလဲဖို့နဲ့ အငြင်းပွားနေတာတွေကို စစ်ရေးအင်အားအသုံးပြုတာ၊ အန္တရာယ်ရှိတဲ့ ကမ်းရိုးတန်းစောင့်သင်္ဘောတွေနဲ့ ရေကြောင်း ပြည်သူ့စစ်တွေ အသုံးပြုတာနဲ့ တခြားနိုင်ငံတွေကို နှောင့်ယှက်ဖို့ ကြိုးပမ်းမှုတွေလိုမျိုး အကျပ်ကိုင်၊ ရန်စတဲ့ ဒါမှမဟုတ် တစ်ဖက်သတ် တင်းမာမှုတွေ တိုးလာစေဖို့ တွန်းအား ပေးတာ၊ ရန်စတဲ့ ဒါမှမဟုတ် တစ်ဖက်သတ် လုပ်ဆောင်မှုတွေနဲ့ 'ကမ်းလွန် သယံဇာတ ထုတ်ယူခြင်းဆိုင်ရာ လှုပ်ရှားမှုများ' ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဟု ထုတ်ပြန်ချက်က ဆက်လက်ဖော်ပြသည်။

Quad ခေါင်းဆောင်များသည် လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ၏ အမြင်ကို မျှဝေခဲ့ကြပြီး ဒေသတွင်း မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုခဲ့သည်။

အာဆီယံစည်းလုံးညီညွတ်မှုနှင့် ဗဟိုချုပ်ကိုင်မှု၊ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အာဆီယံလားရာကို လက်တွေ့ အကောင်အထည်ဖော်ရန်တို့အတွက် ယင်း အဖွဲ့က 'မယိမ်းမယိုင် ပံ့ပိုးကူညီရန်' ထပ်မံအတည်ပြုခဲ့သည်။

ခေါင်းဆောင်များသည် ၂၀၂၁ခုနှစ် စက်တင်ဘာလတွင်ကြေညာခဲ့သော အင်ဒို-ပစိဖိတ်ဒေသတွင်ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဥရောပသမဂ္ဂ၏ မဟာဗျူဟာမြောက် ပူးပေါင်းဆက်ဆံရေးနှင့် အင်ဒို-ပစိဖိတ်ဒေသ တွင် ဥရောပ၏ ထိတွေ့ဆက်ဆံမှုတိုးမြှင့်ခြင်းကို ကြိုဆိုခဲ့သည်။

Quad ထိပ်သီးအစည်းအဝေးက ခေါင်းဆောင်များအား အင်ဒို-ပစိဖိတ်ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဆိုင်ရာ ခေတ်ပြိုင်ကမ္ဘာ့အရေးကိစ္စများအကြောင်း အမြင်ချင်းဖလှယ်ရန် အခွင့်အလမ်း တစ်ခု ပေးထားသည်။

Quad ထိပ်သီးအစည်းအဝေးသည် ရေကြောင်းပိုင်နက်နယ်မြေ၊ အာကာသ၊ ရာသီဥတုပြောင်းလဲမှု၊ ကျန်းမာ ရေးနှင့် ဆိုက်ဘာလုံခြုံရေးတို့တွင် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှုအတွက် ပဏာမခြေလှမ်းအသစ်ကို စတင်လိုက်ကြောင်းသက်သေခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly