ထိုင်ဝမ်အနီးတွင် ရုရှား-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်

ထိုင်ဝမ်အနီးတွင် ရုရှား-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တိုကျိုမြို့၌ ၄နိုင်ငံ Quad အဖွဲ့၏ လုံခြုံရေးဆိုင်ရာ ထိပ်သီး အစည်းအဝေးတက်ရောက်နေချိန်တွင် ထိုင်ဝမ်အနီးတွင် ရုရှား-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ သည်။

ထိုင်ဝမ်၏ လွတ်လပ်ရေးအတွက် လုပ်ဆောင်ချက်သည် စစ်ပွဲဖြစ်လာမည်ဟု ထိုင်ဝမ်နှင့် လွတ်လပ်စွာ ဆက်ဆံရေးကို ဖော်ဆောင်ရန် ထောက်ခံသည့် အမေရိကန် အပါအဝင် နိုင်ငံများကို တရုတ်က ခြိမ်းခြောက် ထားသည်။

ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်ပါက အမေရိကန်က စစ်ရေးအရ ကြားဝင်ရမည်ဖြစ်ကြောင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ပြောကြားပြီးနောက် ကာလရှည်ကြာ အမေရိကန်၏ မူဝါဒ ပြောင်းလဲသွားပုံရ သည့်အချက်ကို အိမ်ဖြူတော်က အရေးမကြီးဟန် ပြန်ပြောခဲ့သည်။

ယူကရိန်းကို ရုရှားကျူးကျော်ချိန်တွင် ထိုင်ဝမ်သည် အရေးပါသည့် နေရာတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပြီး တရုတ်စစ်တပ်က ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကာအမေရိကန်အား သတိပေးခဲ့ကြောင်း တရုတ်စစ်တပ်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Sputnik သတင်းဌာနက မေ ၂၅ရက်တွင် ဖော်ပြခဲ့သည်။

ဂျပန်သို့ အလည်အပတ်ခရီးစဉ်အတွင်း ထိုင်ဝမ်ကို တရုတ်က ကျူးကျော်ပါက ကာကွယ်ရန် အဆင်သင့်ရှိ ကြောင်းနှင့် လက်ရှိအနေအထားကို တစ်ဖက်သတ်ပြောင်းလဲရန် ကြိုးပမ်းမှုများတွင် တားဆီးရန် အဆင်သင့် ရှိကြောင်း ဘိုင်ဒင်က မေ ၂၃ရက်က ပြောကြားခဲ့သည်။

တရုတ်တိုက်လေယာဉ်များသည် မကြာသေးမီက ရုရှားနှင့် ပူးတွဲပြီး ဂျပန်ပင်လယ်ပြင်တွင် ပူးတွဲ လေ့ကျင့်ပျံသန်းမှုများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required