သပိတ်မှောက်ကျောင်းသားများအတွက် ရန်ကုန်ဖက်ဒရယ်ကျောင်း တည်ထောင်

သပိတ်မှောက်ကျောင်းသားများအတွက် ရန်ကုန်ဖက်ဒရယ်ကျောင်း တည်ထောင်

မေလ ၃၀ ရက်

ရန်ကုန်ဖက်ဒရယ်ကျောင်း(Yangon Federal School) တည်ထောင်ကြောင်း မေလ ၃၀ ရက်နေ့တွင် ကျောင်းတာဝန်ရှိသူများက တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

ထိုသို့ကြေညာပြီးနောက် အဆိုပါကျောင်းနှင့်ပတ်သက်ပြီး ကျောင်းသားမိဘအများအပြား စိတ်ဝင်တစား လာရောက်မေးမြန်းမှုများရှိကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

“ကြေညာချက်စထွက်တာနဲ့ ကျောင်းအပ်ဖို့လာမေးတာတွေ တအားပါပဲ။ နောက်တစ်ခါ မြို့နယ်ပညာရေး အဖွဲ့တွေကလည်း လာမေးတာတွေအများကြီးပဲ” ဟု ကျောင်းတာဝန်ခံက မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်ဖက်ဒရယ်ကျောင်းသည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များစုပေါင်း၍ စစ်ကျွန်ပညာရေးကို သပိတ်မှောက်တော်လှန်နေသော ကျောင်းသားကျောင်းသူများအတွက် ပညာသင် ယူနိုင်မှုအခွင့်အလမ်းများ စဉ်ဆက်မပြတ်စေရန် ၊ ကြားကာလပညာရေးကို အရှိန်တိုးမြှင့်လုပ်ဆောင်နိုင် ရန်အတွက် ဖွင့်လှစ်သောကျောင်းဖြစ်သည်။

အဆိုပါကျောင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရမှလမ်းညွှန်ထားသော သင်ရိုး၊ ဆရာဆရာများ ဖန်တီးမှု များနှင့် ယခင်သင်ရိုးများကိုလည်း သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

လက်အချိန်ထိ ကျောင်းဖွင့်လှစ်နိုင်ရန်အတွက် လုံခြုံရေးကိစ္စရပ်များ၊ ဆရာဆရာမအင်အားများ ဖြည့် တင်းရေးအတွက် ဆောင်ရွက်နေပြီး ဇွန်လပထမအပတ်အတွင်း ကျောင်းအပ်လက်ခံရန်နှင့် ဒုတိယ အပတ်တွင် ကျောင်းဖွင့်နိုင်ရန် လျာထားသည်ဟုသိရသည်။

ထို့အပြင်လက်ရှိအချိန်တွင် ကျောင်းသားကျောင်းသူများအနေဖြင့် ပညာသင်ကြားရေး အဆက်ပြတ်နေ သည့်ကာလမှာ နှစ်နှစ်ကျော်ပြီဖြစ်၍ တက်ရောက်ရမည့်အတန်းဆိုင်ရာကိစ္စရပ်များကို မိဘနှင့်ဆရာများ ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သိရသည်။

“ကျောင်းအပ်လက်ခံတဲ့နေရာမှာ ဘယ်အတန်းကိုတက်ဖို့ ဆန္ဒပြုလည်းဆိုပြီး မေးပါမယ်။ အရင်တက်ခဲ့ တာရယ်၊ အခုတက်ချင်တာရယ်၊ သူ့အတန်းရယ်၊ အသက်အရွယ်နဲ့ကိုက်တဲ့ အတန်းရအောင်တော့ ညှိပေး မယ်။ တစ်ခုရှိတာက ကြားထဲမှာလေ့လာသင်ယူမှုမရှိဘူးဆိုရင် ကလေးအတွက် မိဘတွေနဲ့တွေ့ဆုံပြီး သူတက်သင့်တဲ့အတန်းကို အကြံပြုပါမယ်” ဟု ကျောင်းတာဝန်ခံက ဆိုသည်။

ရန်ကုန်ဖက်ဒရယ်ကျောင်းတွင် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကို ဖွင့်လှစ်သွား မည်ဖြစ်ပြီး ရန်ကုန်အပါအဝင် စိတ်ပါဝင်စား၍ လာရောက်အပ်နှံသူများကိုလက်ခံသွားမည်ဖြစ်ပြီး အွန်လိုင်းမှဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် အာဏာသိမ်းမှုကိုလက်မခံဘဲ ကျောင်းမတက်ခဲ့ကြသည့် ကလေးများ၏ ပညာရေးအတွက် ပညာရေးအစီအစဉ်များကို အစုအဖွဲ့အလိုက်လုပ်ဆောင်ခဲ့ကြပြီး ၂၀၂၁ ခုနှစ်ကုန်ပိုင်း တွင် ဖက်ဒရယ်ကျောင်းများဟုသုံးနှုန်းကာ ကြားကာလပညာရေးအတွက် ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။

ကြားကာလပညာရေးဆောင်ရွက်ရာတွင် မြို့နယ်အလိုက် ပညာရေးဘုတ်အဖွဲ့များဖွဲ့ထားပြီး စီမံခန့်ခွဲမှု၊ ပညာသင်ကြားရေးပုံစံ၊ ကျောင်းအနေအထားနှင့် သင်ရိုးစသည်တို့ကို သက်ဆိုင်ရာမြို့နယ်အလိုက် ဆုံး ဖြတ်ပြီး လုပ်ကိုင်နေကြသည်ဟု သိရသည်။

အခြေခံပညာရေးနှင့်သက်ဆိုင်သောအဖွဲ့များ၏ ပြောပြချက်များအရ နိုင်ငံနှင့်အဝှမ်းပညာရေးဘုတ်အဖွဲ့ ၃၀၀ နီးပါး ဖွဲ့စည်းထားပြီး ကြားကာလပညာသင်ကြားရေးနှင့် ပြည်သူ့ပညာရေးယန္တရား တည်ဆောက် ရေးအတွက် ဆောင်ရွက်နေကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly