အင်ဒိုနီးရှားဖွား အိုင်အက်စ်စစ်သွေးကြွသုံးဦးကြား ပြိုင်ဆိုင်မှုကြောင့် အရှေ့တောင်အာရှတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာဖွယ်ရှိဟုဆို

အင်ဒိုနီးရှားဖွား အိုင်အက်စ်စစ်သွေးကြွသုံးဦးကြား ပြိုင်ဆိုင်မှုကြောင့် အရှေ့တောင်အာရှတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာဖွယ်ရှိဟုဆို

ဂျကာတာ၊ ဖေဖော်ဝါရီ-၅ ။               ။ သူ့ထက်ငါ သာလွန်အောင် အသေအကြေကြိုးစားမှုက ဂျကာတာပုံစံ တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားလာဖွယ် ခြိမ်းခြောက်နေသောကြောင့် ဆီးရီးယားတွင်ရှိ အင်ဒိုနီးရှားဖွား အိုင်အက်စ် စစ်သွေးကြွ ၃ယောက်ကြေား အာဏာလုပွဲက အရှေ့တောင်အာရှတွင် ပြင်းထန်သော ဂယက်ရိုက်ခတ်မှု ရှိနိုင်သည်ဟု အကြီးတန်း ရဲအရာရှိတစ်ဦးက သတိပေးပြောကြားလိုက်သည်။

ဇန်နဝါရီလက အင်ဒိုနီးရှားမြို့တော်တွင် သေနတ်နှင့် အသေခံဗုံးခွဲတိုက်ခိုက်မှု၏ အကျိုးဆက်အနေနှင့် အကြမ်းဖက်မှုကို ခြေရာခံဖြိုခွင်းခဲ့ရာ ဆီးရီးယားတွင် ပြိုင်ဆိုင်နေသည့် ဂိုဏ်းခေါင်းဆောင်များ၏ လမ်းညွှန်ချက်အတိုင်း အလုပ်လုပ်နေသည့် စစ်သွေးကြွအဖွဲ့ငယ်ကလေးများ၏ ရှုပ်ထွေးသော ကွန်ရက်တစ်ခုကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့သောကြောင့် ဘူမိနတ်သန် အရှေ့အလယ်ပိုင်းမှ ဝေးလှမ်းသည့် ဒေသအထိ အိုင်အက်စ်အုပ်စု၏ စိမ့်ဝင်လာသည့်သဘာဝကို မီးမောင်းထိုးပြနေသည်။

ဆီးရီးယားမှ အင်ဒိုနီးရှားဖွား စစ်သွေးကြွ ၃ယောက်ဖြစ်သည့် ဘာရမ်ဆယာ၊ အဘူ ဂျန်ဒယ်နှင့် ဘာရွန် နိမ်တို့ကို ၂၀၁၅ခုနှစ် တလျှောက်လုံးတွင် တိုက်ခိုက်မှုများကို အကွက်ချစီစဉ်ခဲ့သူများအဖြစ် သံသယရှိနေသည်။ ကနဦးတွင် ရဲတပ်ဖွဲ့က အွန်လိုင်းအစွန်းရောက်စကားလုံးများဖြင့် လူသိများသည့် ဂျာဗားအလယ်ပိုင်းမှ အထင်ကရ အစွန်းရောက် နိမ်ကို ပြီးခဲ့သည့်လက တိုက်ခိုက်မှုများကို ကြိုးကိုင်ခဲ့သူအဖြစ် သံသယရှိနေခဲ့သည်။

ထိုသြဇာကြီးသည့် ခေါင်းဆောင်သုံးယောက်စလုံးက ခန်းနားကြီးကျယ်သော စစ်ဆင်ရေးဖြင့် အိုင်အက်စ်တို့က အထင်ကြီးလာစေရန် မျှော်လင့်ချက်ဖြင့် ဇာတိမြေတွင် ဂျီဟတ်စစ်ပွဲများကို သီးခြားစွဆင်နွှဲကြရန် အင်ဒိုနီးရှား အဖွဲ့ငယ်ကလေးများကို ငွေကြေးနှင့် လမ်းညွှန်မှုပေးကာ အားပေးအားမြှောက်လုပ်နေသည်။

‘ဒီသုံးယောက်က တိုက်ခိုက်မှုတွေလုပ်ပြီး အိုင်အက်စ်ဌာနချုပ်ရဲ့ ချီးကျူးမှုခံရအောင် အပြိုင်အဆိုင် ကြိုးပမ်းနေကြတယ်’’ဟု ၂၀၀၀ခုနှစ်များက စစ်သွေးကြွကွန်ရက်များကို ဖြိုခွင်းခဲ့သည့် ဂျကာတာရဲချုပ် တီတို ကာနာဗီယင်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

 ‘သူတို့ အောင်မြင်သွားရင် အင်ဒိုနီးရှား အိုင်အက်စ်ခေါင်းဆောင်ပိုင်းမှာ ခန့်အပ်ခံရမယ်။ အဲဒီလိုဆိုရင် ငွေရော၊ အာဏာရော ရလာမယ်’’ဟုလည်း ၎င်းက ထပ်လောင်းပြောကြားသည်။

လတ်တလောလများအတွင်း စစ်သွေးကြွလှုပ်ရှားမှုများ ထိုးတက်မြင့်မားလာမှုနှင့်အတူ ဆီးရီးယားအခြေစိုက် အင်ဒိုနီးရှားဖွား သုံးယောက်ကြား အားပြိုင်မှုကြောင့် အင်ဒိုနီးရှားရဲများ အလုပ်များလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly