အမေရိကန်၏ စီးပွားရေး တိုးတက်မှု ဆယ်စုနှစ်များအတွင်း တရုတ်ကို ပထမဆုံးအကြိမ် ကျော်လွန်

By rt.com
28 May 2022
အမေရိကန်၏ စီးပွားရေး တိုးတက်မှု ဆယ်စုနှစ်များအတွင်း တရုတ်ကို ပထမဆုံးအကြိမ် ကျော်လွန်

အမေရိကန်၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၁၉၇၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ကို ၂၀၂၂ခုနှစ်တွင် ကျော်လွန်သွားဖွယ်ရှိကြောင်း စီးပွားရေးပညာရှင်များကို ကိုးကား၍ Bloomberg က ဖော်ပြခဲ့သည်။

တရုတ်၏ ဘဏ္ဍာရေး၊ ငွေကြေးနှင့် စည်းမျဉ်းဆိုင်ရာ ပံ့ပိုးထောက်ပံ့မှုအစီအမံများရှိနေသော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် နိုင်ငံတစ်ဝန်းတွင် ထပ်တလဲလဲဖြစ်ပွားမှုများကြောင့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှု ရပ်တန့် သွားမည်ဖြစ်ကြောင်း Bloomberg က ဖော်ပြခဲ့သည်။

ကမ္ဘာ့အကြီးဆုံးစီးပွားရေးဖြစ်သော အမေရိကန်သည် ယခုနှစ်တွင် ၂ ရာခိုင်နှုန်းသာတိုးတက်မည်ဟု အဆိုပါ သတင်းဌာနက ပြုလုပ်သည့် စစ်တမ်းတွင် လေ့လာသုံးသပ်သူများက ခန့်မှန်းထားသဖြင့် ၂၀၂၂ခုနှစ်အတွက် တရုတ်၏ တရား ဝင်တိုးတက်မှုလျာထားချက်ဖြစ်သော '၅ ဒသမ ၅' ရာခိုင်နှုန်းထက် အဆပေါင်းများစွာ နိမ့်ကျမည်ဟု ခန့်မှန်း ထားသည်။

သို့သော် ငှားရမ်းခနှင့် စားသုံးသူအသုံးစရိတ်များ မြင့်မားမှုကြောင့် ဖြစ်ပေါ်နေသည့် အလွန်အကျွံ မြင့်မား သော နှစ်ရှည်ငွေကြေးဖောင်းပွမှုရှိနေသော်လည်း အမေရိကန်စီးပွားရေးသည် ၂ ဒသမ ၈ ရာခိုင်နှုန်းဝန်းကျင် တိုးတက်မည်ဟု မျှော်လင့်ရသည်။

နှစ်နိုင်ငံသည် ကာလကြာရှည်စွာကတည်းက ပြိုင်ဘက်များဖြစ်ခဲ့ကြပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီမိုက ရေစီနိုင်ငံများသည် တရုတ်၏ “အာဏာရှင်စံနမူနာ” ထက် စီးပွားရေးအရ ပိုမိုယှဉ်ပြိုင်နိုင်စွမ်း မြင့်မား ကြောင်း ပြသမည့် ယင်း၏ စီးပွားရေးအစီအစဉ်ကို တစ်စိတ်တစ်ပိုင်းတည်ဆောက်ထားသည်ဟု Bloomberg က ဖော်ပြခဲ့သည်။

၂၀၂၁နှစ် စတုတ္ထ ၃လပတ်တွင် ၂၀၂၀ပြည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်သည် ယင်း၏ ဂျီဒီပီ ၅ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်မှုရရှိထားပြီး တရုတ်သည် ၄ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။

သို့သော် တရုတ်က ယင်းအခြေအနေကို ပြောင်းလဲရန် ရွေးချယ်စရာများ ရှိနေသေးကြောင်း လေ့လာ သုံးသပ် သူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly