ကမ္ဘာ့ကျန်းမာရေး ညီလာခံတွင် ထိုင်ဝမ်ပါဝင်နိုင်ရန် ဥရောပရှိ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန် တောင်းဆိုခဲ့

ကမ္ဘာ့ကျန်းမာရေး ညီလာခံတွင် ထိုင်ဝမ်ပါဝင်နိုင်ရန် ဥရောပရှိ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန် တောင်းဆိုခဲ့

နှစ်စဉ်ကျင်းပမြဲဖြစ်သော ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) တွင် ထိုင်ဝမ်ပါဝင်ခွင့်ရရေးကို ညီလာခံ ဖွင့်ပွဲမတိုင်မီတွင် ဂျီနီဗာရှိ ကုလသမဂ္ဂရုံး၏ အမေရိကန်ကိုယ်စားလှယ်က တောင်းဆိုခဲ့သည်။

သံအမတ်ကြီး ရှီဘာ ခရိုကာက တွစ်တာ၌ ထိုင်ဝမ်က ကူညီနိုင်တယ် ဟူသော hashtag ကို အသုံးပြု၍ တောင်းဆိုမှုတွင် ထိုင်ဝမ်၏ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် အားကောင်သော သုတေသနပြုနိုင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆောင်ရွက်မှုများတွင် ပါဝင် ဆောင်ရွက်မှုတို့ကို အလေးထားထောက်ပြခဲ့သည်။

'#WHA75 ရဲ့ ဖွင့်ပွဲအကြိုနေ့မှာ ထိုင်ဝမ်က ကျင်းပတဲ့ ဒီညပွဲကို တက်ရောက်ရတာ အရမ်းကောင်းပါတယ်။ ထိုင်ဝမ်ရဲ့ ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်မှုနဲ့ သုတေသနစွမ်းရည်တွေကနေ WHA က အကျိုးအမြတ်ရနိုင်ပါတယ်။ #ထိုင်ဝမ်က ကူညီနိုင်တယ် ဆိုတာက WHO ကို 'အားလုံး ကျန်းမာစေရေး' ဆိုတဲ့ ကတိကဝတ်အတိုင်း ဆောင်ရွက်နိုင်အောင် ကူညီပေးမှာပါ သံအမတ်ကြီး ရှီဘာက တွစ်တာတွင်ရေးသားခဲ့သည်။

'WHO ၏ 'အားလုံး ကျန်းမာစေရေး' ကတိကဝတ်ကို အောင်မြင်အောင် ထိုင်ဝမ်က ကူညီပေးနိုင်ကြောင်း အသိအမှတ်ပြုသည့်အတွက် ရှီဘာအား ကျေးဇူးတင်ရှိကြောင်း ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာန (MOFA) က တရားဝင် Twitter feed တွင် ဖော်ပြခဲ့သည်။

WHA သည် WHO အတွက် ဆုံးဖြတ်ချက်ချသောအဖွဲ့ဖြစ်သည်။ ယင်း၏ နှစ်ပတ်လည် အစည်းအဝေးကို ဂျီနီဗာတွင် မေ ၂၂ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံများစွာနှင့် အဖွဲ့ အစည်းအများအပြား၏ ပံ့ပိုးကူညီမှုရရှိသော်လည်း ထိုင်ဝမ်သည် တက်ရောက်ရန် ဖိတ်ကြားခြင်း မခံရသေး ပေ။

ထိုင်ဝမ်၏ သံတမန်မဟာမိတ် ၁၄ နိုင်ငံအနက် ၁၃ နိုင်ငံက WHA တွင် လေ့လာသူအဖြစ် ပါဝင်ရန် ထိုင်ဝမ်ကို ဖိတ်ကြားမည့် အဆိုပြုချက်တစ်ရပ်ကို WHA ၏ အထွေထွေကော်မတီက မေလ ၂၂ရက်တွင် ဖတ်ကြား ခဲ့ကြောင်း WHO ၏ အဓိကတရားရေးအရာရှိ စတိဖင် ဆော်လမွန်က ပြောကြားခဲ့သည်။

အစည်းအဝေးအခမ်းအနား၏ အပြင်ဘက်တွင် WHA က အခြားကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေချိန်တွင် ထိုင်ဝမ်၏ အနေအထားကို ထိန်းသိမ်းရန် မေ ၂၁ရက်က ဂျီနီဗာမြို့သို့ ရောက်လာသည့် ထိုင်ဝမ် ဒုတိယ ကျန်းမာရေးဝန်ကြီး လီလီဖန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့သည်။

မေ ၂၁ရက် ညတွင် MOFA က ထိုင်ဝမ်၏ WHO နှင့် ယင်း၏ နှစ်ပတ်လည်စည်းဝေးပွဲများတွင် ထိုင်ဝမ်က ပါဝင်ခွင့်ရရေးကို လှုံ့ဆော်ရန် 'ထိုင်ဝမ်ည' ဧည့်ခံပွဲကိုကျင်းပခဲ့သည်။

ထိုင်ဝမ်သည် ၂၀ဝ၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ WHA အစည်းအဝေးများတွင် ပါဝင်ခဲ့သော်လည်း တရုတ်၏ ဖိအားပေးမှုကြောင့် ၂၀၁၇ ခုနှစ်မှစ၍ ဖယ်ရှားခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly