တရုတ်ချေးငွေ အဆိုးကျော့ သံသရာအတွင်း သီရိလင်္ကာ ကျရောက်နေ

တရုတ်ချေးငွေ အဆိုးကျော့ သံသရာအတွင်း သီရိလင်္ကာ ကျရောက်နေ

သီရိလင်္ကာနိုင်ငံသည် တရုတ်ချေးငွေ၏ အဆိုးကျော့သံသရာတွင် ကြုံတွေ့နေရချိန်၌ နိုင်ငံ၏ စီးပွားရေးပျက်စီးမှုသည် တရုတ်၏ မဟာဗျူဟာမြောက် ဆက်ဆံရေးမှ ရလဒ်ဖြစ်ခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရုရှား-ယူကရိန်းစစ်ပွဲတို့၏ ဂယက်များကြောင့် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက် ဖြစ်သည့် သီရိလင်္ကာ၏ တရုတ်အပေါ် အလွန်အမင်း အားကိုးမှုသည် မှားယွင်းကြောင်း သက်သေပြခဲ့ပြီး တရုတ်၏ အမြတ်ကြီးစားဆန်သည့် ကြွေးမြီသံခင်းတမန်ခင်းသည် သီရိလင်္ကာ၏ နိုင်ငံခြားကြွေးမြီများကို ပိုမို များပြား စေကာ အကျပ်အတည်းကို ပိုမိုဖြစ်စေခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် နိုင်ငံခြားငွေလဲလှယ်မှုအကျပ်အတည်းကို ရင်ဆိုင်နေရသည်နှင့်အမျှ တရုတ်က ကပ်ရော ဂါကြောင့် စီးပွားရေးကျဆင်းမှုကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ၁၀ နှစ်ကြာ သက်သာခွင့် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ဝ ပေးရန် အဆိုပြုလာခဲ့ပြီးသီရိလင်္ကာ၏ နိုင်ငံခြားကြွေးမြီစုစုပေါင်း ဒေါ်လာ ဘီလီယံ ၅၀ ၏ ၁၀ ရာခိုင်နှုန်းကျော်ဖြစ်သော ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ တရုတ်ကြွေးမြီများအနက် အနည်းငယ်ကိုသာ ပြန်လည် ညှိနှိုင်းရန် ဆန္ဒရှိကြောင်း ပြသခဲ့သည်ဟု Dailymirror က ဖော်ပြခဲ့သည်။

ထို့ပြင် သီရိလင်္ကာ၏ ကြွေးမြီဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့်ကို ဆိုင်းငံ့ထားရန် တောင်းဆိုမှုကို တရုတ်က လိုက်လျောခြင်းမရှိသလို ၎င်းတို့၏ ငွေကြေးစနစ်တွင် ယင်းကဲ့ လုပ်ဆောင်ပေးခြင်းမျိုး မရှိဘဲ အကြွေးနှင့် အတိုးကိုသာ ပြန်လည်ရနိုင်ရန် စိတ်ဝင်စားနေသည်။

သီရိလင်္ကာသည် ကြွေးမြီဝန်ဆောင်မှုအတွက် တရုတ်တစ်နိုင်ငံတည်းကိုပင် ၂၀၂၂ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်ကို ပြန်ဆပ်ရန် လိုအပ်သည်ဟု အစီရင်ခံစာက ထပ်လောင်း ဖော်ပြထားသည်။

သီရိလင်္ကာ၏ နိုင်ငံခြားဝင်ငွေသည် ကိုဗစ်ကြောင့် ပျက်စီးသွားသော ခရီးသွားလုပ်ငန်းအပေါ် အလွန်အမင်း မှီခို နေရချိန်တွင် သီရိလင်္ကာ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးသည် ချေးငွေအပေါ် အခြေခံထား သောကြောင့် သီရိလင်္ကာ၏ စီးပွားရေးအကျပ်အတည်းသည် ကိုယ်တိုင်ကြောင့်ဖြစ်ပေါ်သလိုဖြစ်နေသည်။

ထို့ပြင် သီရိလင်္ကာအတွက် ပိုမိုကောင်းမွန်သော ဗျူဟာတစ်ခုမှာ စီးပွားဆန်သည့် တရုတ်ချေးငွေများထက် နိုင်ငံတကာအေဂျင်စီပေါင်းစုံမှ ပိုမိုကောင်းမွန်သော အတိုးနှုန်းထားဖြင့် အကူအညီတောင်းရန်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly