တရုတ်၌ မြန်မာရွှေ့ပြောင်း ၁ ၀၀၀ ကျော် နေရပ်ပြန်ရန် လပေါင်း နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေရ

တရုတ်၌ မြန်မာရွှေ့ပြောင်း ၁ ၀၀၀ ကျော် နေရပ်ပြန်ရန် လပေါင်း နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေရ

မြန်မာရွှေ့ပြောင်းလုပ်သား ၁ ၀၀၀ ကျော်သည် ၎င်းတို့၏မိသားစုများကို ဆက်သွယ်ရန်နှင့် နေအိမ်သို့ပြန်ရန် နည်းလမ်းမရှိဘဲဖြစ်နေကာ တရုတ်ထိန်းသိမ်းရေးခစန်းများတွင် ပိတ်မိနေကြောင်း လက်ရှိပိတ်မိနေသူများနှင့် ရွှေ့ပြောင်းလုပ်သားဟောင်းများက RFA သို့ ပြောသည်။

ရွှေ့ပြောင်းအုပ်စုတွင် အထောက်အထားမဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်သူများနှင့် ၆ ရက် ခရီးသွား ဗီဇာများကိုင်ဆောင်ပြီး အလုပ်လုပ်ရန် ရက်လွန်နေထိုင်သူများ ပါဝင်သည်။ အချို့မှာ ကိုရိုနာဗိုင်းရပ်ဖြစ်ပွားစဉ် က အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး မြန်မာနိုင်ငံသို့ပြန်ရန် ကြိုးစားစဉ်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။

အရှေ့တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်ရှိ ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးခံထားရသူ ၁၀၀ ကျော်ရှိပြီး မြန်မာနယ်စပ်နှင့် နီးကပ်သော ယူနန်ပြည်နယ် ပေါက်ရှန်မြို့တွင် ၁ ၀၀၀ ထက်မနည်း ရှိသည်။

အသက် ၂၆ နှစ်ရှိ မအေးမိုးသည် မေ ၂၀ ရက်က အခြားအကျဉ်းသား ၁၅၂ ဦးနှင့်အတူ နေရပ်ပြန်ပို့ခံရပြီး ထိုမတိုင်ခင်က ပေါက်ရှန်မြို့ရှိ မူးယစ်ဆေးဖြတ်စခန်းတွင် ၇ လကြာ ထိန်းသိမ်းခံခဲ့ရသည်။

တရုတ်နိုင်ငံသား မှတ်ပုံတင်ကတ် အတုပြုလုပ်မှုဖြင့် ဖမ်းဆီးခံထားရသည့် ရခိုင်တိုင်းရင်းသား ၁၄ ဦး အပါအ၀င် မြန်မာနိုင်ငံသား ၁ ၀၀၀ ခန့်ရှိကြောင်း မအေးမိုးက RFA မြန်မာပိုင်းဌာနသို့ ပြောသည်။

နောက်ဆက်တွဲ ရာဇဝတ်မှုများသည် ၎င်းတို့ နေရပ်ပြန်ရန် ခက်ခဲစေခဲ့သည်။

ရွှေ့ပြောင်းအလုပ်သမားများကို ခန့်ထားသည့် စက်ရုံများအား နှိမ်နင်းခြင်းကို ၂၀၂၁ ခုနှစ် အစောပိုင်းတွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ရာနှင့်ချီသော မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် တစ်ချိန်က လုပ်ကိုင်ခဲ့ဖူးသော မြို့များ၏ အပြင်ဘက် တောတောင်များတွင် ပုန်းအောင်းနေခဲ့ကြသည်။

အခြားသူများသည် ကွမ်တုန်းမှ မြန်မာနယ်စပ်သို့ ၃ ရက်ကြာခရီးဖြင့် ပို့ဆောင်ပေးသည့် ပွဲစားများထံ ယွမ် ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁ ၅၀၀ ခန့်) ပေးဆောင်ကာ မြန်မာနိုင်ငံသို့ ပြန်ရန် ကြိုးပမ်းကြသော်လည်း လမ်းခရီးတွင် အဖမ်းခံခဲ့ရသည်။

RFA က ပေကျင်းမြို့ရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံရှိ တရုတ်သံရုံးတို့ကို မေလ ၂၅ ရက်က အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly