အကြမ်းဖက်သမားများအား လက်သင့်ခံထားကြောင်း ပါကစ္စတန် ဆက်လက်ငြင်းဆိုနေ

အကြမ်းဖက်သမားများအား လက်သင့်ခံထားကြောင်း ပါကစ္စတန် ဆက်လက်ငြင်းဆိုနေ

အဓိက အကြမ်းဖက်သမားအချို့ကို အရေးယူဆောင်ရွက်ရန် ပါကစ္စတန်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးနေသည် ဆိုသော်လည်း ပါကစ္စတန် အာဏာပိုင်တို့သည် ၎င်းတို့နိုင်ငံ၏ မြေပေါ်၌ လှုပ်ရှားနေသော အကြမ်းဖက်သမားများ ရှိနေသည် ဆိုသည်ကို လက်ခံခြင်း မရှိဘဲ ငြင်းဆန်သော မူဝါဒတစ်ရပ်ကို ဆက်လက် ကိုင်ဆွဲလျက်ရှိသည်ဟု The Times of Israel သတင်းမီဒီယာက ဖော်ပြသည်။

အကြမ်းဖက်မှုနှင့် ပတ်သက်လာလျင် ပါကစ္စတန်၏ နည်းဗျူဟာစာအုပ်က အနက်အဓိပ္ပါယ်ကောက်ယူရန် အရမ်း မခက်ခဲလှပေ။

ယင်း၏ ပုံသေ မူရင်းဆက်တင်က အရာအားလုံးကို ငြင်းဆန်ရန်နှင့် ခြေရာလမ်းကြောင်းများကို ဖျောက်ဖျက် ဖုံးကွယ်ရန်ပင် ဖြစ်သည်။

ထိုကဲ့သို့ ငြင်းဆန်မှုက အလုပ်မဖြစ်သည့်အချိန်မျိုးတွင် အကြမ်းဖက်မှုဖြင့် စွပ်စွဲခံရသူများက ပါကစ္စတန်နိုင်ငံမှ မဟုတ်ဟု ဆိုပြီး ပါကစ္စတန်တာဝန်ရှိသူတို့ လျှောက်လဲပြောကြားကြောင်း The Times of Israel သတင်းမီဒီယာက ဖော်ပြသည်။

အကြမ်းဖက်သမားများက ပါကစ္စတန်နိုင်ငံသားများ ဖြစ်နေသည်ဆိုပြီး သက်သေ အထောက်အထားများ ပြသနိုင်ချိန်တွင်မူ ၎င်းတို့သည် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (non-state actors) များ ဖြစ်သည်ဟု ပါကစ္စတန်အာဏာပိုင်တို့က ပြောသည်။ သို့သော် စိတ်ညစ်စရာအကောင်းဆုံး ကိစ္စက ပါကစ္စတန်အာဏာပိုင်တို့သည် မည်သည့်အခါကမှ အဆိုပါ non-state actors များအပေါ် ဆန့်ကျင်တုံ့ပြန်ပြီး အရေးယူဆောင်ရွက်မည့်ပုံ မပေါ်ခြင်းပင် ဖြစ်သည်။

ပါကစ္စတန်အာဏာပိုင်တို့သည် အဆိုပါ non-state actors များဆိုသော အဖွဲ့များကို ကာကွယ်ရန် အစွမ်းကုန် ကြိုးပမ်းနေကြောင်း The Times of Israel သတင်းမီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly