ပါကစ္စတန်၏ မြောက်ပိုင်း ဝါဇီရစ္စတန်ဒေသ၌ အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်နေ

By Zee5
29 May 2022
ပါကစ္စတန်၏ မြောက်ပိုင်း ဝါဇီရစ္စတန်ဒေသ၌ အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်နေ

ပါကစ္စတန်နိုင်ငံ၏ နယ်စပ် ဧရိယာများ အထူးသဖြင့် မြောက်ပိုင်း ဝါဇီရစ္စတန် ဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှု မြင့်တက်လျက်ရှိသည်ဟု နိုင်ငံ၏ ဌာနေတိုင်းရင်းဘာသာ မီဒီယာက ဖော်ပြသည်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် အရေအတွက် မြင့်တက်ခြင်းနှင့်အတူ ပါကစ္စတန် စစ်သားတစ်ချို့လည်း အသက်ဆုံးရှုံးရမှုများ ရှိနေသည်။ ထို စစ်သွေးကြွများသည် အာဖဂန်နစ္စတန်၌ အခြေစိုက်စခန်းများ ရှိသည်ဟု ဆိုသည်။ ၎င်းတို့သည် အာဖဂန်နစ္စတန်ဘက်ကနေ ပါကစ္စတန်နိုင်ငံထဲ ဝင်လာပြီး တိုက်ခိုက်မှုများ လုပ်ဆောင်ပြီး နောက် အာဖဂန်နစ္စတန်ရှိ ၎င်းတို့၏ အခြေစိုက်နေရာများသို့ ပြန်ဆုတ်ခွာသွားကြသည်။

ထို့ပြင် ပိတ်ပင်တားမြစ်ခံ ပါကစ္စတန် တာလီဘန်အဖွဲ့ Tehreek-i-Taliban Pakistan (TTP) နှင့် အီရတ်နှင့် ဆီးရီးယားရှိ အစ္စလမ္မစ် နိုင်ငံတော်အဖွဲ့ (ISIS) ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများသည် အာဖဂန် အခြေစိုက် စခန်းများကနေ လှုပ်ရှားပြီး ပါကစ္စတန်၌ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ်မှုများ ရှိနေသည်။

အလားတူ အာဖဂန်နစ္စတန်ရှိ အခြားသော အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်သည့် ဘလို့ချ် အမျိုးသားတပ်ဖွဲ့သည်လည်း TTP ၊ ISIS တို့နှင့်အတူ လှုပ်ရှားလုပ်ဆောင်နေကြောင်း ပါကစ္စတန် ဌာနေတိုင်းရင်းဘာသာ မီဒီယာက ဖော်ပြသည်။

ဘာလို့ချ် တပ်ဖွဲ့သည် တရုတ်နိုင်ငံသား သုံးဦး သေဆုံးခဲ့သော ကရာချိ တက္ကသိုလ် အသေခံဗုံးခွဲတိုက်ခိုက်မှု အတွက် တာဝန်ရှိသည်။

တိုက်ခိုက်မှုများအတွင်း သောင်းကျန်းသူအချို့ သေဆုံးခဲ့သော်လည်း ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကမူ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly