ကိုဗစ်နှင့် ယူကရိန်းအကျပ်အတည်းကြောင့် တရုတ်စီးပွားရေး ဖိအားများနှင့် ဆက်လက်ရင်ဆိုင်နေရ

ကိုဗစ်နှင့် ယူကရိန်းအကျပ်အတည်းကြောင့် တရုတ်စီးပွားရေး ဖိအားများနှင့် ဆက်လက်ရင်ဆိုင်နေရ

ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်ရန် တင်းကျပ်သောကန့်သတ်မှုများကြောင့် တရုတ်စီးပွားရေးသည် ထုတ်လုပ်မှု စွမ်းရည်နှင့် အခြားထောက်ပံ့ပို့ဆောင်ရေးတို့ကို ဆိုးရွားစွာထိခိုက်စေခဲ့ပြီး ဖိအားများအောက်တွင် ရှိနေသည်။

ကိုဗစ်ကင်းစင်ရေးမူဝါဒကြောင့် အခက်အခဲများအပြင် ယူကရိန်းစစ်ပွဲသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေး ဖြစ်သော တရုတ်၏ ကျဆင်းမှုများကို ပိုမိုဖြစ်ပေါ်စေသည်။

တရုတ်ပို့ကုန်ကဏ္ဍသည် ၂၀၂၂ ခုနှစ် ဧပြီလတွင် နှစ်အလိုက် တိုးတက်မှုနှုန်း ၃ ဒသမ ၉ ရာခိုင်နှုန်း တိုးလာ ခဲ့ပြီး ၂၀၂၀ပြည့်နှစ် ဇူလိုင်လနောက်ပိုင်း အနိမ့်ဆုံးဖြစ်ကြောင်း တရုတ်အကောက်ခွန်မှ ထုတ်ပြန်သော အချက် အလက်များကို ကိုးကား၍ The Singapore Post သတင်းဌာနက ဖော်ပြခဲ့သည်။

ရုရှား-ယူကရိန်းပဋိပက္ခနှင့် တရုတ်တွင် ကိုဗစ်-၁၉ မြင့်တက်မှုကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၁ခုနှစ်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော်လျော့နည်းမည်ဟု ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲမှု ကုမ္ပဏီ Morgan Stanley က ခန့်မှန်း ထားသည်။

၂၀၂၂ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုသည် ၂၀၂၁ခုနှစ်က ၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း ၂၀၂၂ခုနှစ်တွင် GDP တိုးတက်မှုနှုန်း ၄ ဒသမ ၄ ရာခိုင်နှုန်းနှင့်၂၀၂၃ ခုနှစ် တွင် ၅ ဒသမ ၁ ရာခိုင်နှုန်း အသီးသီး မျှော်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် ခန့်မှန်းခြေ ၈ ဒသမ ၁ ရာခိုင်နှုန်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျင်းနက် ယဲလန်က တရုတ်တွင် ပိတ်ဆို့ကန့်သတ်ထားမှုများသည် ကုန်စည် စီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို အဟန့်အတားဖြစ်စေ သည်ဟု ပြောကြားခဲ့သည်။

ကိုဗစ်ဖိအားအချို့ကို လျော့ပါးသွားစေနိုင်သော်လည်း တရုတ်တွင် ဖြစ်ပေါ်နေမှုများသည် အဆိုပါ ထုတ်လုပ်တင်ပို့မှုကွင်းဆက်ဖိအားများကို ပိုမိုဆိုးရွားစေသည်ဟု သူမက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly