ကရင်နီပြည်ရဲဌာန မှအကျဉ်းသား ၂၄ ဦးအား လွတ်ငြိမ်းချမ်းသာပေးမှု ဆက်သွယ်မေးမြန်းချက်

ကရင်နီပြည်ရဲဌာန မှအကျဉ်းသား ၂၄ ဦးအား လွတ်ငြိမ်းချမ်းသာပေးမှု ဆက်သွယ်မေးမြန်းချက်

မေလ ၂၇ ရက်

ကရင်နီ ဒေသအတွင်း စစ်ကောင်စီတပ်နှင့် ပတ်သက် ဆက်နွှယ်သူများ၊ ရာဇဝတ်မှု ကျူးလွန်သူများနှင့် ပြည်သူလူထုအား နှောက်ယှက် အန္တရာယ်ပြုသူများအား ဖမ်းဆီး ထိမ်းသိမ်းထားသည့် ကရင်နီပြည်ရဲဌာနသည် အကျဉ်းသား ၂၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း သိရသည်။

ယမန်နေ့ မေလ ၂၆ ရက်တွင် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၏ ညွှန်ကြားမှုဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၏ သတင်းပေး၊ ဒလန်များနှင့် EPC နေ့စား ဝန်ထမ်းများ စုစုပေါင်း ၂၄ ဦးကို ကရင်နီပြည်ရဲဌာန (KSP) ကလွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ ယန္တရား လည်ပတ်စေရေး လုပ်ဆောင်ခြင်း မပြုရန်နှင့် အာဏာသိမ်း စစ်ကောင်စီနှင့် မပတ်သက်ကြရန် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၏ ညွှန်ကြားမှုဖြင့် ပြန်လည် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသားများက  ပြည်သူများကို တိုက်တွန်းထားသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ ကရင်နီပြည် ရဲဌာန ပြောရေးဆိုခွင့်ရှိသူအား ဆက်သွယ် မေးမြန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required