မွတ်စလင် ဥပုသ်လအတွင်း မလေးရှားရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ဆရာဖြစ်သူက မွတ်စလင် မဟုတ်သူကျောင်းသားများ ရေဆာပါက ကိုယ်ကျင်ငယ်ရည် ကိုပြန်သောက်ဟုခိုုင်း

မွတ်စလင် ဥပုသ်လအတွင်း မလေးရှားရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ဆရာဖြစ်သူက မွတ်စလင် မဟုတ်သူကျောင်းသားများ ရေဆာပါက ကိုယ်ကျင်ငယ်ရည် ကိုပြန်သောက်ဟုခိုုင်း

မလေးရှားနိုင်ငံရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ရမဇန်မွတ်စလင်ဥပုသ်လအတွင်း မွတ်စလင်မဟုတ်သည့် ကျောင်း သားကျောင်းသူလေးများကို ဆရာတစ်ဦးက ကိုယ်သေးကိုပြန်သောက်ခိုင်းသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ယင်းကျောင်းကို လက်လုပ်ဗုံးဖြင့် ပစ်ဖောက်တိုက်ခိုက်ခံရသည်။

ဆန်ဂျိုင်းပီတန်နီအရပ်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ရမဇန်ကာလအတွင်း ဥပုသ်ယူကြထားကြသည့် မွတ်စလင်ကျောင်း သားကျောင်းသူများကြား မွတ်စလင်မဟုတ်သည့် ကျောင်းသားများအနေဖြင့် အစာစားခြင်းနှင့် ရေသောက်ခြင်းတို့ မလုပ်ရန် အကြီးတန်းမွတ်စလင်ကျောင်းဆရာဖြစ်သူက အမိန့်ထုတ်လိုက်ခြင်းဖြစ်သည်။

မွတ်စလင်မဟုတ်သူကျောင်းသားများအနေဖြင့် ရေဆာ၍ ရေသောက်ချင်ပါက အိမ်သာသွားပြီး ကိုယ့်ကျင်ငယ် ရည်ကိုသာ ပြန်သောက်ပါဟု ပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျောင်းဆရာက ကျောင်းတွင် ရေရှိနိုင်မှာ မဟုတ်ကြောင်း၊ ရေသောက်ချင်ပါက ကိုယ့်ကျင်ငယ်ကိုသာ ပြန်သောက် သင့်ကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

ထိုပြောဆိုစကားက ပျံ့နှံ့သွားခဲ့ပြီး မိဘဖြစ်သူများက ယင်းကျောင်းဆရာဖြစ်သူကို အရေးယူပေးရန် တိုင်တန်းခဲ့ကြသည်။ အဆိုပါကျောင်းအား လက်လုပ်ဗုံးဖြင့် လာရောက်ပစ်ခတ်မှုလည်းဖြစ်ပွားပြီး လုံခြုံရေးဂိတ်ပျက်စီးခဲ့သည်။

ထိုတိုက်ခိုက်မှုအတွက် လူနှစ်ဦးကို ဖမ်းဆီးခဲ့သည်။ မလေးရှားဒုတိယပညာရေးဝန်ကြီး ပီကာမာလန်နာသန်က အဆိုပါကျောင်း ဆရာကို အပြစ်ပြောဆိုသော်လည်း ကျောင်းဆရာဖြစ်သူက ကျီစယ်နောက်ပြောင်ပြောခြင်းသာဖြစ်သည်ဟု ခုခံပြောဆိုခဲ့သည်။

အစောပိုင်းကလည်း ဒုတိယပညာရေးဝန်ကြီးဖြစ်သူ မာရီယပ်က ရမဇန်ဥပုသ်လအတွင်း မွတ်စလင်မဟုတ်သည့် ကျောင်း သားကျောင်းသူများအနေဖြင့် မွတ်စလင်ကျောင်းသားကျောင်းသူများရှေ့တွင် အစာစားခြင်း၊ ရေသောက်ခြင်းမပြုရဟု တိုက် တွန်းခဲ့ကြောင်း PRI က သတင်းဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ် ရမဇန်ဥပုသ်ကာလတွင် ကျောင်းကန်တင်းပိတ်ပြီး မွတ်စလင်မဟုတ်သူကျောင်းသားကျောင်းသူများကို ရေချိုးခန်း တစ်ခန်းအတွင်း အတင်းသွားရောက်စားသောက်ခိုင်းသည့် ဓာတ်ပုံအွန်လိုင်းပေါ် ထွက်ပေါ်ခဲ့သဖြင့် မလေးရှား ပညာရေးအာဏာပိုင်များက ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

မလေးရှားနိုင်ငံတွင် မွတ်စလင်ဥပုသ်လအတွင်း မွတ်စလင်မဟုတ်သည့်ကျောင်းသားကျောင်းသူများစွာရှိနေသော်လည်း အစိုးရကျောင်းများ၊ တက္ကသိုလ်များအပါအဝင် အများပိုင်အဖွဲ့အစည်းနေရာများစွာရှိ စားသောက်ဆိုင် ကန်တင်းများစွာကို ပိတ်ထားကြရသည်။

Ref: Mail Online

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly