အီလွန်မတ်စ်၏ Twitter ပိုင်ဆိုင်မှုမှ တရုတ် အကျိုးအမြတ်ရနိုင်

အီလွန်မတ်စ်၏ Twitter ပိုင်ဆိုင်မှုမှ တရုတ် အကျိုးအမြတ်ရနိုင်

Tesla ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်က Twitter ကိုဝယ်ယူရန် ဆိုင်းငံ့ထားသဖြင့် မတ်စ်၏ Twitter ပိုင်ဆိုင်မှုသည် ဒီမိုကရေစီကို ထိခိုက်ကာ တရုတ်အတွက် အကျိုးအမြတ်ဖြစ်နေသလားဆိုသည်ကို Amazon ပိုင်ရှင် ဂျက်ဘေဇော့က သံသယရှိနေသည်။

တရုတ်သည် ၂၀၀၉ ခုနှစ်ကတည်းက Twitter ကို တားမြစ်ခဲ့သည်။ သို့သော် တရုတ်နိုင်ငံသားများသည် တရုတ်အစိုးရ၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုမှ လွတ်မြောက်ရန် ကြားခံဆာဗာများကို အသုံးပြုနေကြပြီး တရုတ်အစိုးရမလိုလားသော သတင်းများကို ဝင်ရောက်ကြည့်ရှုနိုင်ကြကြောင်း The Washington Times က ဖော်ပြသည်။

Twitter သည် တရုတ်ကွန်မြူနစ်ပါတီနှင့် ချိတ်ဆက်ထားသည့် Twitter အကောင့်အများအပြားကိုလည်း ထပ်မံပိတ်ပစ်ခဲ့သည်။

ထို့ပြင် မတ်စ်၏ Tesla သည် တရုတ်ကွန်မြူနစ်အစိုးရကို လိုက်လျောခြင်းအားဖြင့် အကျိုးအမြတ်အတွက် တရုတ်ပေးသော အထူးလိုက်လျောချက်ချက်များကို မှီခိုပြီးသားဖြစ်နေကာ မကြာမီ အခွန်ကောက်ခြင်းနှင့် မူဝါဒကို လုံးဝပြောင်းပြန်လှန်ပစ်ခြင်းများလည်း ဖြစ်လာနိုင်ပေသည်။

ထို့ပြင် မတ်စ်၏ကုမ္ပဏီ Tesla သည် တရုတ်စီးပွားရေးများနှင့်အတူ တရုတ်ကပေးသော ချေးငွေများကို မှီခိုနေရသည်။ ထို့ကြောင့် Twitter ကို နိုင်ငံတွင်း၌ တားမြစ်ထားသော်လည်း Twitter အသုံးပြုသူများကို ရှာဖွေပြီး တိုက်ခိုက်ရန် တရုတ်အာဏာပိုင်များက မတ်စ်၏ Twitter အင်ဂျင်ကို တာဝန်ပေးစေလာနိုင်သည်။

ထို့ပြင် မတ်စ်က Twitter အား အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံဖြင့် ဝယ်ယူသည်ဟု ကြေညာချက် ထွက်ပေါ်လာပြီးနောက် တုံ့ပြန်မှုများစွာ ထွက်ပေါ်လာခဲ့ကြောင်း The Washington Times က ဖော်ပြသည်။ မတ်စ်သည် လွတ်လပ်စွာပြောဆိုခွင့်အတွက် တံခါးဖွင့်ပေးလိမ့်မည်ဟု အချို့က ပြောဆိုနေကြသလို အချို့ကလည်း အကြောင်းအရာများအားလုံးကို စောင့်ကြည့်ကာ ဖယ်ရှားမည့်အလားအလာရှိကြောင်း မတ်စ်ထံမှလာမည့် အကျိုးဆက်များကို ကြောက်ရွံ့နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly