ဟောင်ကောင်တွင် လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေသူများ ထိုင်ဝမ်သို့ ထွက်ပြေး

ဟောင်ကောင်တွင် လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေသူများ ထိုင်ဝမ်သို့ ထွက်ပြေး

ဟောင်ကောင်တွင် တင်းကျပ်သော အမျိုးသားလုံခြုံရေးဥပဒေကို တရုတ်အစိုးရက ပြဋ္ဌာန်းသည့်အတွက် ဒီမိုကရေစီစနစ် အားနည်းသွားပြီးနောက် လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေသူများသည် ဘေးကင်းလုံခြုံ သည့်နေရာကို ရှာဖွေရန် ထိုင်ဝမ်သို့ ရေလမ်းမှ ထွက်ပြေးခဲ့ကြသည်။

၂၀၂၁ ခုနှစ်တွင် ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဥပဒေ ထုတ်ပြန်ပြီးနောက် တဖြည်းဖြည်း လွတ်လပ် ခွင့်များ ဆုံးရှုံးကာ အစိုးရဆန့်ကျင်သူများနှင့် အတိုက်အခံအဖွဲ့ဝင်များသည် နောက်ပိုင်းတွင် နှိပ်စက် ညှဉ်ပန်း မှုနှင့် ထောင်ဒဏ်ကျခံရမှုများနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် ဟောင်ကောင်သည် လုံခြုံဘေးကင်းသော ခိုလှုံရာအဖြစ် မတည်ရှိတော့ကြောင်း The Singapore Post က သတင်းဖော်ပြခဲ့သည်။

ယခုအခါ တရုတ်အစိုးရသည် ထိုင်ဝမ်ကို ယင်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရန်စီစဉ်နေပြီး ထိုင်ဝမ် ကို သိမ်းပိုက်ရန်အရိပ်အယောင်ပြသည့်အနေဖြင့် စစ်လေယာဉ်များနှင့် ရေတပ်သင်္ဘောများ ထိုင်ဝမ်ကျွန်းပိုင်နက် အတွင်းသို့ စေလွှတ်ခဲ့သည်။

တစ်ချိန်က ဒီမိုကရေစီနှင့် လွတ်လပ်မှုကို တောင်းဆိုရန် လမ်းမပေါ်ထွက်ခဲ့ဖူးသည့် ဟောင်ကောင်ကျောင်းသား တက်ကြွလှုပ်ရှားသူ လင်းဖေးဖန်၏ အတွေ့အကြုံကို
မှတ်တမ်းတင်ရိုက်ကူးကာ ဟောင်ကောင်တွင် အမျိုးသား လုံခြုံရေးဥပဒေကို တရုတ်က ပြဌာန်းသည့်နှစ်တွင် သူသည်လည်း ထိုင်ဝမ်သို့ ထွက်ပြေးခဲ့ကြောင်း မီဒီယာက ဖော်ပြခဲ့သည်။ 

ထိုင်ဝမ်၏ လွတ်လပ်ရေးကို ကာကွယ်ရန် အရေးကြီးကြောင်း သဘောပေါက်သဖြင့် သူသည် ထိုင်ဝမ် ဒီမိုကရက် တစ် တိုးတက်ရေးပါတီသို့ ဝင်ရောက်ခဲ့သည်။

ဟောင်ကောင်တွင် ရှိနေမည်ဆိုပါက သူသည်အဖမ်းခံထားရနိုင်သည်။

မကြာသေးမီက ဟောင်ကောင်တွင် မီဒီယာများနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများကို ဖြိုခွင်းမှု အများအပြား ဖြစ်ပွားခဲ့သည်။

ဟောင်ကောင်သည် လွတ်လပ်သော သတင်းစာနှင့် များပြားသော ဆန္ဒပြပွဲများရှိသည့် တက်ကြွသော ဒီမိုက ရေစီအဖြစ်မှ ရဲအုပ်ချုပ်သည့်ဒေသအဖြစ် အမျိုးသားလုံခြုံရေးဥပဒေက တခါတည်း ပြောင်းလဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly