ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားခြင်းကြောင့် တရုတ်စီးပွားရေးထိခိုက်ကာ အလုပ်လက်မဲ့နှုန်း မြင့်တက်

ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားခြင်းကြောင့် တရုတ်စီးပွားရေးထိခိုက်ကာ အလုပ်လက်မဲ့နှုန်း မြင့်တက်

တရုတ်နိုင်ငံ၏ အတင်းကျပ်ဆုံး ကပ်ရောဂါ ထိန်းချုပ်မှုများကြောင့် စီးပွားရေးကျဆင်းမှု နောက်ထပ် အထောက်အထားတစ်ခုအဖြစ် အလုပ်လက်မဲ့နှုန်းသည် ၂ နှစ်တာကာလအတွင်း ၆ ဒသမ ၁ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း မူဝါဒသုသေသနအဖွဲ့ (POREG) ၏ အချက်အလက်များက ပြသနေသည်။

တရုတ်တွင် ဗိုင်းရပ်စ်၏ စီးပွားရေးအပေါ်အကျိုးသက်ရောက်မှုကို ရင်ဆိုင်နေရချိန်တွင် တရုတ်သမ္မတ လီခေ့ချန်က မူဝါဒကြီးများကို အကောင်အထည်ဖော်ရာတွင် အရှိန်မြှင့် ကြိုးပမ်းအားထုတ်ရန် တိုက်တွန်းခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပေါ်လစ်ဗျူရို၏ အမြဲတမ်းကော်မတီအဖွဲ့ဝင်လည်းဖြစ်သည့် လီသည် ပြီးခဲ့သည့် သီတင်းပတ်က ယူနန်ပြည်နယ်တွင် ကျင်းပသော တိုးတက်မှုတည်ငြိမ်ရေး စာတမ်းဖတ်ပွဲ၌ သဘာပတိအဖြစ်ဆောင်ရွက်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဈေးကွက်အဖွဲ့အစည်းများ၏ တိုးတက်မှု တည်ငြိမ်စေရေးနှင့် ပုံမှန်တိုးတက်မှုဖြင့် အလုပ်အကိုင်နှင့် ပြည်သူများ၏ အခြေခံစားဝတ်နေရေးတို့ကို မြှင့်တင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို အလေးထားဖော်ပြခဲ့သည်။

ပြည်တွင်း၌ ကိုဗစ်-၁၉ ပြန်လည်ဖြစ်ပွားလာမှုနှင့် နိုင်ငံတကာအခြေအနေများပြောင်းလဲမှုကိုလည်း မှတ်ချက်ပြု ပြောကြားခဲ့သလို တရုတ်၏ သန်း ၁၅၀ ကျော်ရှိသည့် ဈေးကွက်အဖွဲ့အစည်းများ၊ ဒဏ်ခံနိုင်မှုနှင့် တည်ငြိမ်သောဈေးနှုန်းများကို ကိုးကားလျက် ယုံကြည်မှု၏အရေးပါပုံကိုလည်း လီက
အလေးထား ပြောကြားခဲ့သည်။

ဗဟိုစီးပွားရေးလုပ်ငန်းညီလာခံမှ မိတ်ဆက်ခဲ့သော မူဝါဒအများစုနှင့် အစိုးရ၏လုပ်ငန်းအစီရင်ခံစာကို ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် အကောင်အထည်ဖော်ခဲ့စဉ် လီက စီးပွားရေးအား ပုံမှန်လမ်းကြောင်းသို့ လျင်မြန်စွာ ပြန်ရောက်စေရေးအတွက် မေလတွင် စီမံချက်များ ရှေ့တိုးလုပ်ဆောင်ရန် ဒေသန္တရအစိုးရများကို တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly