တရုတ်က အရန်ရေနံများဝယ်ယူရန် ရုရှားနှင့် ဆွေးနွေး

တရုတ်က အရန်ရေနံများဝယ်ယူရန် ရုရှားနှင့် ဆွေးနွေး

ယူကရိန်းစစ်ပွဲကြောင့် ရုရှားသွင်းကုန်များကို ပိတ်ပင်ရန် ဥရောပက လုပ်ဆောင်နေချိန်တွင် တရုတ်က ရုရှားနှင့် စွမ်းအင်ဆိုင်ရာ ဆက်ဆံရေးကို အားကောင်းစေသည့် လက္ခဏာတစ်ရပ်အဖြစ် တရုတ်က မဟာဗျူဟာ မြောက် ရေနံစိမ်းသိုလှောင်မှုများကို ဖြည့်တင်းရန် ရုရှားမှ ဈေးပေါသော ရေနံများကို ရယူရန် ကြိုးပမ်းနေသည်။

လျှို့ဝှက်ကိစ္စဖြစ်ခြင်းကြောင့် အရန်ရေနံများဝယ်ယူရန် တရုတ်က ရုရှားနှင့် ဆွေးနွေးနေပြီဖြစ်ကြောင်း ယင်းကိစ္စနှင့် နီးစပ်သူ အမည်မဖော်လိုသူများက ပြောကြားသည်။

ရေနံစိမ်းများကို တရုတ်၏ မဟာဗျူဟာမြောက် ရေနံသိုက်များ ဖြည့်ရန်အတွက် အသုံးပြုမည်ဖြစ်ပြီး ရေနံ ကုမ္ပဏီများမှ တိုက်ရိုက်ပါဝင်မှု အနည်းငယ်သာရှိသောကြောင့် အစိုးရအဆင့်တွင် ဆွေးနွေးပွဲများ ပြုလုပ်နေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။

အိမ်နီးချင်းနိုင်ငံငယ်ကို ရုရှားက ကျူးကျော်ပြီးနောက် ယခုနှစ်တွင် ရေနံဈေးနှုန်းများ မြင့်တက်လာသော်လည်း ဝယ်သူများက ဂုဏ်သိက္ခာကို မထိခိုက်စေရန် သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကို ခံရမည် စိုး ရိမ်သဖြင့် ဝယ်ယူမှုမပြုခြင်းကြောင့် ရေနံစိမ်းဈေးနှုန်းများ ကျဆင်းသွားခဲ့သည်။

ပုံမှန်အားဖြင့် အရေးပေါ်အခြေအနေများ သို့မဟုတ် ရုတ်တရက် အခက်အခဲကာလများတွင် ထုတ်သုံးလေ့ ရှိသည့် တရုတ်၏ ကြီးမားသော မဟာဗျူဟာမြောက် အရန်ရေနံများကို ဈေးပေါပေါဖြင့် ဖြည့်တင်းရန် ယင်းကို အခွင့် အလမ်းတစ်ခုအဖြစ် တရုတ်က ရှုမြင်ထားသည်။

'တရုတ်နှင့် ရုရှားတို့သည် အပြန်အလှန်လေးစားမှု၊ သာတူညီမျှမှုနှင့် အပြန်အလှန်အကျိုးရှိမှုတို့အပေါ် အခြေခံ ၍ ပုံမှန်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုတွင် အမြဲရှိနေသည်' ဟု တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက မေလ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြင့်တက်လာသော ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်က လောင်စာဆီ တင်သွင်းရန် နည်းလမ်းအမျိုးမျိုးကို စီစဉ်ခဲ့ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်က မေ ၁၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်နိုင်ချေရှိသော သဘောတူညီချက်တွင် ပမာဏ သို့မဟုတ် စည်းကမ်းချက်များဆိုင်ရာ အသေးစိတ်အချက် အလက်များကို မဆုံးဖြတ်ရသေးဘဲ တထစ်ချ ဝယ်ယူမည်ဟုလည်း သဘောတူညီချက်မရှိသေးကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required