သြစတြေးလျ ရွေးကောက်ပွဲမည်သည့်ရလဒ် ထွက်ပေါ်သည်ဖြစ်စေ တရုတ်နှင့် ဆက်ဆံရေး ဆက်လက်ဆိုးရွား ဖွယ်ရှိ

သြစတြေးလျ ရွေးကောက်ပွဲမည်သည့်ရလဒ် ထွက်ပေါ်သည်ဖြစ်စေ တရုတ်နှင့် ဆက်ဆံရေး ဆက်လက်ဆိုးရွား ဖွယ်ရှိ

ဩစတြေးလျက မေ ၂၁ရက်တွင် ရွေးကောက်ပွဲကျင်းပခဲ့ပြီး ကိုယ်စားလှယ်လောင်း ၂ ဦးမှ မည်သူအနိုင်ရရှိ သည်ဖြစ်စေ တရုတ်-သြစတြေးလျဆက်ဆံရေးတွင် ကွာခြားမှုမရှိသောကြောင့် တရုတ်အနေဖြင့် ရွေးကောက် ပွဲမှ မျှော်လင့်ချက်မရှိပေ။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီမိုကရေစီ လုပ်ငန်းစဉ်တွင် ပါဝင်သူမဟုတ်သော်လည်း အမျိုးသား လုံခြုံရေးဆိုင် ရာ ကိစ္စရပ်များကို တစ်စိတ်တစ်ပိုင်း ကိုင်တွယ်နေသည့်အတွက် စည်းရုံးလှုံ့ဆော်မှုနှင့် ရင်းနှီးသူဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်းမော်ရစ်ဆင်အစိုးရက ကိုဗစ်-၁၉ ၏ ဇာစ်မြစ်ကိုစုံစမ်းစစ်ဆေးရန် တောင်းဆိုသောအခါ ၂၀၂၀ပြည့်နှစ်မှ တရုတ်-သြစတြေးလျဆက်ဆံရေးသည် စတင်၍ ယိုယွင်းခဲ့သည်။

တရုတ်က သြစတြေးလျကို မုယောစပါး၊ ဝိုင်နှင့် အမဲသား အပါအဝင် သြစတြေးလျ ပို့ကုန်များအပေါ် ပိတ်ဆို့ အရေးယူမှုဖြင့် တုံ့ပြန်ခဲ့သည့်နောက်ပိုင်း အခြေအနေ ဆိုးရွားသွားခဲ့သည်။

သြစတြေးလျဝန်ကြီးချုပ်ဟောင်း စကော့မော်ရစ်ဆင်နှင့် ၎င်းနေရာဝင်ယူခဲ့သော အလုပ်သမားပါတီ ခေါင်းဆောင် အန်ထော်နီ အယ်ဘီနိတို့အကြား အခြေအတင် ဆွေးနွေးမှုများတွင် တရုတ်၏ ရန်လိုမှုနှင့် ရှီ၏ နာမည်သည် အခန်းကဏ္ဍကြီးကြီးမားမား ပါဝင်ခဲ့သည်။

အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုကို ထိန်းသိမ်းရာတွင် ကူညီရန် သြစတြေးလျသည် အမေရိကန်၏ အရေးပါမှုကို ရူးသွပ်စွာ ထားရှိကြောင်း တရုတ်လေ့လာဆန်းစစ်သူများက ဆိုပြီး အမေရိကန်၏ တရုတ်ဆန့်ကျင်ရေး ထိပ်တန်း ခေါင်းဆောင် ဖြစ်ခြင်း၏ အခန်းကဏ္ဍကို မကြာမီ အချိန်အတွင်း ပြောင်းလဲ လိမ့်မည်မဟုတ်ကြောင်း ၎င်းတို့က သတိပေးခဲ့သည်။ 

သြစတြေးလျလေ့လာရေးတရုတ်အဖွဲ့နှင့် East China Normal တက္ကသိုလ်မှ ညွှန်ကြားရေးမှူးဖြစ်သူ ချန်ဟုန်က သြစတြေးလျသည် သံခင်းတမန်ခင်းတွင် ရင့်ကျက်မှုနှင့် လွတ်လပ်မှု ဆုံးရှုံးခဲ့ပြီး အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာကို သြစတြေးလျက လုံးလုံးလျားလျား တွယ်ကပ်ထားသည်ဟု Global Times ကို ပြောကြားခဲ့သည်။

“နောက်ထပ် ဝန်ကြီးချုပ်အဖြစ် ဘယ်သူပဲ ရွေးကောက်ခံရခံရ အမေရိကန်ရဲ့ ဆန္ဒအတိုင်း ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly