ကိုဗစ်-၁၉ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပေကျင်းမြို့၏ အစိတ်အပိုင်းအချို့ကို ကန့်သတ်ပိတ်ဆို့

ကိုဗစ်-၁၉ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပေကျင်းမြို့၏ အစိတ်အပိုင်းအချို့ကို ကန့်သတ်ပိတ်ဆို့

တရုတ်သမ္မတရှီကျင့်ဖျင်၏ လွဲမှားသော စီမံခန့်ခွဲမှုအောက်တွင် ကပ်ရောဂါသည် တရုတ်မြို့ကြီး များကို တစ်မြို့ပြီးတစ်မြို့ ပျံ့နှံ့လာသောကြောင့် ပေကျင်းမြို့၏ အစိတ်အပိုင်းအချို့ကို မေ ၂၂ရက်တွင် ပြန်လည် ပိတ်ဆို့လိုက်သည်။

အာဏာပိုင်များသည် ချောင်ယန်၊ ဖန်တိုင်၊ ရှန်ရိ၊ ဟေဒန်နှင့် ဖန်ဆန်းခရိုင်များတွင် ပိတ်ဆို့ကန့် သတ်မှုများကို ချမှတ်ထားကြောင်း ပေကျင်းမြို့တော်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ရှီအန်ဟော်ကျင်း၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Global Times က ဖော်ပြခဲ့သည်။

တရုတ်မီဒီယာများ၏ ဖော်ပြချက်အရ ဆေးဆိုင်များနှင့် အိမ်အရောက်ဝန်ဆောင်မှုပေးသည့် စားသောက်ဆိုင် များမှ လွဲ၍ မိုးလုံလေလုံ ဖျော်ဖြေရေးနေရာများ၊ အားကစားခန်းမများ၊ လေ့ကျင့်ရေးဌာနများနှင့် ဈေးဝယ် စင်တာများအားလုံးကို မေ ၂၂ရက်မှစ၍ ပိတ်ထားလိုက်ပြီဖြစ်သည်။

မြို့တော်ရှိ အဆင့်သတ်မှတ်ထားသည့် ရှုခင်းသာနေရာများအားလုံး ပိတ်ပစ်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် ပန်းခြံအားလုံးသည် လာရောက်လည်ပတ်မှု၏ ၃၀ ရာခိုင်နှုန်းသာ လက်ခံမည်ဟု ရှီအန်ဟော်ကျင်း၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Global Times က ဖော်ပြခဲ့သည်။

ပြည်တွင်းမှ ကူးစက်သော ကိုဗစ်-၁၉ အခြေအနေမှာ မသေချာသေးသောကြောင့် ပေကျင်းမြို့ရှိ ခရိုင် ၅ခုတွင် နေထိုင်သူများအား နေအိမ်မှနေ၍ မေ ၂၈ ရက်အထိ အလုပ်ဆင်းခိုင်းထားသည်။

ကိုဗစ်-၁၉ ကြိုတင်ကာကွယ်မှု စံနှုန်းများကို ပြည်သူများ၏ ပေါ့ဆမှုသည် ကူးစက်မှုအန္တရာယ်ကို ပိုမိုပြင်းထန် လာစေသည့် အစုလိုက်အပြိုလိုက်ကူးစက်မှုကိုလည်း ဖြစ်စေခဲ့သည်ဟု Global Times သတင်းတွင် ဖော်ပြထားသည်။

အမျိုးသားကျန်းမာရေးကော်မရှင်၏ အစီရင်ခံစာအရ မေ ၂၁ရက်က တရုတ်တွင် ကိုဗစ်-၁၉ ပြည်တွင်း ကူးစက်ခံရသူ ၁၅၇ ဦးကို အစီရင်ဖော်ပြခဲ့ပြီး ယင်းတို့အနက် ပြည်တွင်းကူးစက်ခံရသူအသစ် ၅၂ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၉ ဦးကို တရုတ်က ထုတ်ပြန်ခဲ့သည်။

တရုတ်အား ကပ်ရောဂါဘေးမှ မကြာသေးမီက သက်သာရာ ရစေခဲ့သည့်အတွက် အစိုးရက ချီးကျူးထားသည့် တရုတ်၏ လူသိများသော 'ကိုဗစ်ကင်းစင်ရေး' မဟာဗျူဟာသည် ပြိုလဲသွားပြီး ကူးစက်မှုများ ပြန်လည် မြင့်မားလာသဖြင့် ၂၀၂၀ပြည့်နှစ် မြင်တွေ့ရသည့်အတိုင်း ပိတ်ဆို့ကန့်သတ်မှုများ ထပ်မံပြုလုပ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly