ကနီမြို့နယ်ရှိ စစ်ရှောင်ပြည်သူများထဲတွင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

ကနီမြို့နယ်ရှိ စစ်ရှောင်ပြည်သူများထဲတွင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

မေလ ၂၅ ရက်

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် နယ်မြေရှင်းလင်း စစ် ကြောင်းထိုးမှုများ ပြုလုပ်လျှက်ရှိပြီး ၎င်းနယ်မြေရှင်းလင်း စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံ ပြည်သူ ထောင်နှင့်ချီ၍ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ကနီမြို့နယ်မှ စစ်ရှောင်ပြည်သူများထဲတွင် ကိုယ်ဝန်ဆောင်မိခင်များပါဝင်နေပြီး ကျန်းမာရေးစောင့် ရှောက်မှုများလိုအပ်နေကြာင်း ကိုယ်ဝန်သည် မိခင်တစ်ဦးက ဆိုပါသည်။

“အမတို့မှာ စစ်ကောင်စီတပ်တွေလာပြီဆိုရင် မပေါ့မပါးကြီးနဲ့ပြေးရလွှားရတယ်။ CDM ဆရာဝန်တွေက ဦးဆောင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာတော့ ရှိပါတယ်။ ဒါပေမဲ့ ဆေးဝါးအစုံအလင် မရှိတာ တွေရော၊ သွားရေးလာရေး အခက်အခဲတွေရှိတာကတစ်ကြောင်းဆိုတော့ အတော်လေးကသီပါတယ်။ ကာကွယ်ဆေးထိုးရမယ့် အချိန်မှာလည်းမထိုးရဘူးလေ။ အခွင့်အရေးတွေကတော့ ဆုံးရှုံးပြီးရင် ဆုံးရှုံး နေ တယ်” ဟု စစ်ရှောင် ကိုယ်ဝန်သည် တစ်ဦးက ဆိုပါသည်။

ကနီမြို့နယ်တွင် ကျန်းမာရေးပရဟိတအဖြင့် Mobile လှည့်၍ ဆေးကုသမှုပေခြင်းများရှိနေသော်လည်း ဆေးဝါးလိုအပ်ချက် များစွာရှိနေကြောင်း သိရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly