ကနေဒါက ပြည်ပထွက်ဟောင်ကောင်ကျောင်းသားများအတွက် ဒုတိယအဆင့် နိုင်ငံဖြစ်လာ

ကနေဒါက ပြည်ပထွက်ဟောင်ကောင်ကျောင်းသားများအတွက် ဒုတိယအဆင့် နိုင်ငံဖြစ်လာ

အဆင့်မြင့်ပညာရေးအတွက် ပြည်ပသို့ထွက်ခွာသည့် ဟောင်ကောင်ကျောင်းသားများအတွက် ကနေဒါသည် ဗြိတိန်ပြီးလျှင် ဒုတိယရေးပန်းအစားဆုံး နေရာဖြစ်လာသည်။

လူကြိုက်အများဆုံးစာရင်းတွင် ဗြိတိန်က ထိပ်ဆုံး၌ရှိနေပြီး ၎င်းနောက်တွင် ဩစတြေးလျ၊ အမေရိကန်နှင့် ကနေဒါတို့က အစဉ်အတိုင်းရှိသည်။

ပြီးခဲ့သည့်နှစ်က ဟောင်ကောင်တွင် နေထိုင်သူများအတွက် အမြဲတမ်းနေထိုင်ခွင့် အစီအစဉ် ၂ ခုကို  မိတ်ဆက်လိုက်သည့်အခါ ကနေဒါသည် သြစတြေးလျနှင့် အမေရိကန်တို့ကို ကျော်တက်သွားခဲ့သည်။ 

ဗြိတိန်က ကျောင်းသားဗီဇာ ၆ ၅၁၁ ယောက်စာ ထုတ်ပေးခဲ့ချိန်တွင် ကနေဒါက ဟောင်ကောင်သားများအတွက် ကျောင်းသားဗီဇာပေါင်း ၆ ၃၆၅ ဦးစာ ခွင့်ပြုခဲ့သည်။

ကနေဒါသည် ၂၀၁၈ မှ ၂၀၂၀ ခုနှစ်အတွင်း နှစ်စဉ် ကျောင်းသားဗီဇာ ၂ ၅၀၀ ဝန်းကျင်သာ ခွင့်ပြုခဲ့သောကြောင့် အစောပိုင်းတွင် ဟောင်ကောင်သားများအတွက် လူကြိုက်အနည်းဆုံး နိုင်ငံဖြစ်ခဲ့ဖူးပြီး ၄ နိုင်ငံမှထုတ်ပေးသော ကျောင်းသားဗီဇာစုစုပေါင်း၏ ၅ ပုံ ၁ ပုံသာရှိသည်။

တရုတ်အစိုးရက ခွဲထွက်ခြင်း၊ အဖျက်အမှောင့်၊ အကြမ်းဖက်မှုနှင့် ပြည်ပအင်အားစုများနှင့်ပေါင်းစည်းခြင်းတို့အား တားမြစ်သော အမျိုးသားလုံခြုံရေးဥပဒေကို ၂၀၂၀ ခုနှစ် ဇွန်လက ပြဋ္ဌာန်းပြီးနောက် ဗြိတိန်၊ ကနေဒါနှင့် ဩစတြေးလျတို့သည် ဟောင်ကောင်သားများအတွက် ပိုမိုလွယ်ကူသော လူဝင်မှုကြီးကြပ်ရေးလမ်းကြောင်းကို ကြေညာခဲ့ကာ အခင်းအကျင်းကို ပြန်လည်ပြင်ဆင်ခဲ့သည်။

ကနေဒါ၌ ဟောင်ကောင်သားများသည် အမြဲတမ်းနေထိုင်ခွင့်မလျှောက်မီ သတ်မှတ်ထားသော သင်ကြားရေးအင်စတီကျုများ၌ ၂ နှစ်သင်တန်း ဒီပလိုမာတစ်ခုရယူရန်သာလိုအပ်ပြီး ဩစတြေးလျ၌မူ အမြဲတမ်းနေထိုင်ခွင့်မလျှောက်မီ ဘွဲ့ရပြီးနောက် ၃ နှစ်မှ ၄ နှစ်အထိ ဆက်လက်နေထိုင်ရန်
လိုအပ်သောကြောင့် ကနေဒါစည်းမျဉ်းများမှာ ပိုမိုလွယ်ကူပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly