ချေးငွေ အချိန်မီ ပြန်မဆပ်သည့် ပြဿနာကြောင့် တရုတ်ကုမ္ပဏီက CPEC စီမံကိန်းကို ရန်ပုံငွေပေးရန် တွန့်ဆုတ်နေ

ချေးငွေ အချိန်မီ ပြန်မဆပ်သည့် ပြဿနာကြောင့် တရုတ်ကုမ္ပဏီက CPEC စီမံကိန်းကို ရန်ပုံငွေပေးရန် တွန့်ဆုတ်နေ

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC) တွင် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် Sinosure ဟုခေါ်သော တရုတ်ပို့ကုန်နှင့် အကြွေးအာမခံကုမ္ပဏီက ပါကစ္စတန်အစိုးရ၏ ကြွေးကျန်များကို ဖော်ပြ၍ ရေအားလျှပ်စစ်စီမံကိန်းအတွက် ရန်ပုံငွေထောက်ပံ့ရာတွင် တွန့်ဆုတ်နေသည်။

စီးပွားရေးစင်္ကြံစီမံကိန်းအရ ထူထောင်ထားသည့် လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများအတွက် ပါကစ္စတန် အစိုးရသည် ရူပီးငွေ ဘီလီယံ ၃၀ဝကျော် အကြွေးတင်နေသည်။ ယခုအချိန်အထိ ပါကစ္စတန်အစိုးရသည် ကြွေးမြီ စုစုပေါင်း ရူပီးငွေ ၂ ဒသမ ၅ ထရီလီယံတင်ရှိနေပြီး ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ဟုတ်၊မဟုတ်ကို ရှင်းရှင်း လင်းလင်း မသိရှိရသေးသော်လည်း အစ္စလာမာဘတ်ရှိ တရုတ်သံရုံးထံမှ အကူအညီ တောင်းခံထားသည်ဟု ပါကစ္စတန်မဂ္ဂဇင်း တစ်စောင်ဖြစ်သည့် Business Recorder တွင်ဖော်ပြထားသည်။

ဓာတ်အားပမာဏ ၁၁၂၄ မဂ္ဂါဝပ် ကိုဟာလာ ရေအားလျှပ်စစ်စီမံကိန်း၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့် ကိစ္စရပ်များကို ပြန်လည်သုံးသပ်ရန် အစည်းအဝေးကို ပါကစ္စတန်ဌာနအသီးသီးမှ ပါဝင်ပတ်သက်သူများ တက် ရောက်ခဲ့ကြပြီး Sinosure မှ စီမံကိန်းရန်ပုံငွေပေးရန် တုံ့ဆိုင်းမှု အပါအဝင် စီမံကိန်း ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု အရင်းအမြစ်များကိုကိုးကားပြီး သတင်းက ဆိုသည်။

အခြား CPEC စီမံကိန်းများ၏ ရက်လွန်ငွေပေးချေမှုကြောင့် လုပ်ငန်းမစတင်နိုင်ကြောင်း စီမံကိန်း အကောင်အထည်ဖော်သူများက ဆိုပြီး Sinosure သည် စီမံကိန်းအတွက် ခွင့်ပြုချက်ပေးရန် ဝန်လေးလျက်ရှိသည်။

လုပ်ငန်း အကောင်အထည်ဖော်သူများက တရုတ်အစိုးရ၏ သက်ဆိုင်ရာဌာနများနှင့် တစိုက်မတ်မတ် ဆောင်ရွက်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။

၂၀၂၂ခုနှစ် မတ်လတွင် ပါကစ္စတန်အရာရှိများ၏ နောက်ဆုံးခရီးစဉ်အတွင်း Sinosure ပြဿနာကို တရုတ် ဘက်မှ ဖြေရှင်းခဲ့ပြီး မကြာမီ ပြဿနာပြေလည်လိမ့်မည်ဟု မျှော်လင့်ကြောင်း အစည်းအဝေးအတွင်း မှတ်ချက်ပြုခဲ့သည်။

သို့သော် လုပ်ငန်းစတင်ရန် နောက်ထပ် ထိပ်တန်းအဆင့်အရာရှိများ၏ ကြိုးပမ်းမှု များ လိုအပ်မည်ဖြစ်ကြောင်း သတင်းက ဆိုသည်။

Sinosure ကိစ္စအား ပါကစ္စတန်နှင့် တရုတ် အဆင့်မြင့်အရာရှိများ ထပ်မံဆွေးနွေးရန် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်ဟု သတင်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly