တရုတ်စီးပွားရေးအပေါ် နိုင်ငံစုံကုမ္ပဏီများ၏ အဆိုးမြင်မှုကြီးထွားလာခြင်းကြောင့် ပြည်ပမှလာရောက် ရင်းနှီးမြှုပ်နှံမှု ကျဆင်း

တရုတ်စီးပွားရေးအပေါ် နိုင်ငံစုံကုမ္ပဏီများ၏ အဆိုးမြင်မှုကြီးထွားလာခြင်းကြောင့် ပြည်ပမှလာရောက် ရင်းနှီးမြှုပ်နှံမှု ကျဆင်း

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ တင်းကျပ်သော ကိုဗစ်မူဝါဒများနှင့် ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ပွဲဆိုင်ရာ ရပ်တည်ချက်တို့ကြားတွင် ရင်းနှီးမြှုပ်နှံသူများသည် တရုတ်စီးပွားရေးအပေါ် အဆိုးမြင်မှု ကြီးထွား လာသောကြောင့် တရုတ်၌ နိုင်ငံစုံကုမ္ပဏီများ၏ တိုက်ရိုက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် ကျဆင်းလျက်ရှိသည်။

နိုင်ငံစုံကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံပေါင်းစုံ၏ အိပ်မက်များကို ဖျက်ဆီးရန် ပူးပေါင်းကြံစည်နေသော ရှီကျင့်ဖျင်၏ မူဝါဒများကြောင့် နိုင်ငံရေးနှင့် စည်းမျဥ်းစည်းကမ်းဆိုင်ရာ ပြဿနာများ ပိုမိုဆိုးရွားလာနေကြောင်း Financial Times က ဖော်ပြခဲ့သည်။

ယင်းအခြေအနေများအကြား၌ တရုတ်-ဥရောပဆက်ဆံရေးမှာလည်း ဆိုးရွားလာသည်။ မသေချာ မရေရာမှုများက တရုတ်တွင် ရင်းနှီးမြှုပ်နှံမှုကို ဆိုင်းငံ့ထားရန် ဥရောပစီးပွားရေးအသိုက်အဝန်းကို တွန်းအားပေးနေသည်ဟု ပေကျင်းရှိ ဥရောပကုန်သည်ကြီးများဥက္ကဋ္ဌ ဂျော့ဝတ်ကဲ ကပြောသည်။

ဥရောပအသိုက်အဝန်းအပြင် တရုတ်စီးပွားရေးအပေါ် အဆိုးမြင်ဝါဒသည် အမေရိကန် စီးပွားရေးအသိုက်အဝန်းကိုလည်း လွှမ်းမိုးလာသည်။ လေယာဉ်ခရီးစဉ်ဖျက်သိမ်းခြင်း၊ ဗီဇာအရှုပ်အထွေးများနှင့် ဆိုက်ရောက်ချိန်တွင် စောင့်ကြည့်ကန့်သတ်မှုအောက်၌ ရက်ရှည်နေရခြင်း အပါအဝင် ခရီးစဉ်အခက်အခဲများက တရုတ်၌ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုကို ကြီးကြီးမားမား ကျဆင်းစေသည်ဟု Financial Times က ဆိုသည်။

ဂျာမန်ကုန်သည်ကြီးများ၏ စစ်တမ်းတစ်ခုအရ နိုင်ငံခြားသားဝန်ထမ်း ၃၀ ရာခိုင်နှုန်း နီးပါးသည် တရုတ်မှ ထွက်ခွါရန် စီစဉ်ထားကြောင်း တွေ့ရှိခဲ့သည်။

ယင်းအခြေအနေများသည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒများ၏ အကျိုးဆက်ဖြစ်သလို ရှန်ဟိုင်းတွင် နိုင်ငံခြားသားမိသားစုဝင်များကို ရက်သတ္တပတ်ပေါင်းများစွာ ပိတ်မိစေခဲ့သည်။

တရုတ်မှ အကြီးမားဆုံး ဘိုင်းရင်းဖောက်သည်ကုမ္ပဏီက အမေရိကန်မှ 737 MAX ဂျက်လေယာဉ်အစီး ၁၀၀ ကျော် ဝယ်ယူမည့်အစီအစဉ်ကိုလည်း ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

အမေရိကန်အားကစားအဝတ်အထည်ကုမ္ပဏီ Nike နှင့် ဆွီဒင်ဖက်ရှင် H'M တို့သည် ရှင်ကျန်းရှိ အဓမ္မ အလုပ်ခိုင်းစေမှုများအကြောင်း မှတ်ချက်များပြုပြီးနောက် တရုတ်ဖောက်သည်များ၏ သပိတ်မှောက်မှု ခံရသော ပစ်မှတ်ထားခံရသည့် အမှတ်တံဆိပ်များတွင် ပါဝင်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly