ပြည်ပကျောင်းသားများကို စိစစ်ရန်နှင့် တရုတ်သို့ နည်းပညာမပေါက်ကြားစေရေး ကာကွယ်ရန် ဂျပန်အစိုးရက တက္ကသိုလ်များသို့ ညွှန်ကြား

ပြည်ပကျောင်းသားများကို စိစစ်ရန်နှင့် တရုတ်သို့ နည်းပညာမပေါက်ကြားစေရေး ကာကွယ်ရန် ဂျပန်အစိုးရက တက္ကသိုလ်များသို့ ညွှန်ကြား

ဂျပန်သည် ၎င်း၏ နိုင်ငံ့လုံခြုံရေးအတွက်သာမကာ အမေရိကန်နှင့်ဥရောပတက္ကသိုလ်များနှင့် ဖလှယ်မှုများကို အကာအကွယ်ပေးနိုင်ရေးအတွက် တရုတ်ကဲ့သို့သော နေရာများသို့ နည်းပညာပေါက်ကြားမှုကို တားဆီးနိုင်ရန် ပြည်ပကျောင်းသားများကို စိစစ်ရေးအတွက် တက္ကသိုလ်များအား ညွှန်ကြားထားသည်။

အနောက်နိုင်ငံအများအပြားသည် တင်းတင်းကျပ်ကျပ်စောင့်ကြည့်ခြင်းနှင့် စည်းကမ်းချိုးဖောက်မှုများအတွက် ပြစ်ဒဏ်များပေးကာ ၎င်းတို့၏ ကျောင်းဝင်းများတွင် သူလျှိုလုပ်ခြင်းကို တားဆီးသည့် စီမံချက်များရှိနေချိန်တွင် ဂျပန်သည် ပြည်ပကျောင်းသားများကို မကြာခဏ စစ်ဆေးလေ့မရှိသောကြောင့် အားနည်းချက်ရှိသည်ဟု ပညာရှင်များက ပြောသည်။

မကြာသေးမီနှစ်များက အမေရိကန်က တရုတ်ပညာရှင်များကို သူလျှိုသံသယဖြင့် ဆက်တိုက်ဖမ်းဆီးမှုသည် ဂျပန်အတွက် နှိုးဆော်မှုတစ်ခုဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

“ကမ္ဘာတစ်ဝန်းမှာ ပို့ကုန်ထိန်းချုပ်မှုတွေဟာ တရုတ်လို ပြည်ပနိုင်ငံတွေအပေါ်မှာ ပိုမိုတင်းကျပ်လာပါတယ်” ဟု နည်းပညာမြင့်လွှဲပြောင်းမှုနှင့်ကျောင်းသားများကို စောင့်ကြည့်ရန် နည်းလမ်းထွင်သူများကိုကူညီပေးနေသည့် ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများ တင်းမာမှုများ ကြီးထွားလာသည်နှင့်အမျှ ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါနှင့် အလည်အပတ်ရောက်ရှိနေသော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် တိုကျို၌ ယခုသီတင်းပတ်တွင် နည်းပညာ၊ ထောက်ပံ့ရေးကွင်းဆက်များနှင့် အခြားနယ်ပယ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ထပ်မံ အတည်ပြုမည်ဟု မျှော်လင့်ရသည်။

ယခုလတွင် သက်ရောက်သည့် စည်းမျဉ်းသစ်များအရ ကျောင်းသားများ၏ နောက်ကြောင်းများကို စစ်ဆေးရန်နှင့် နိုင်ငံခြားအစိုးရ သို့မဟုတ် ကာကွယ်ရေးနှင့်ဆက်စပ်သော အဖွဲ့အစည်းများနှင့် ဆက်စပ်မှု ရှိ မရှိ စိတ်ဝင်စားမှု အကြောင်းအရာများကို သတိပေးရန် တက္ကသိုလ်များကို ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required