ထိုင်ဝမ်ကို တရုတ်က နျူကလီယားဗုံး ကြဲနိုင်ကြောင်း စစ်ပွဲဂိမ်းက ဖော်ပြနေ

ထိုင်ဝမ်ကို တရုတ်က နျူကလီယားဗုံး ကြဲနိုင်ကြောင်း စစ်ပွဲဂိမ်းက ဖော်ပြနေ

ရုရှား-ယူကရိန်းစစ်ပွဲကာလအတွင်း ထိုင်ဝမ်သည် အရေးအကြီးဆုံးနေရာတစ်ခုဖြစ်လာပြီး နောက်ဆုံး ရေလက် ကြားဖြတ်ကျော် စစ်ပွဲ ဂိမ်းတွင် ထိုင်ဝမ်ကို ကျူးကျော်လာပါက တရုတ်က နျူလက်နက်များ အသုံးပြုခြင်းဖြင့် အဆုံးသတ်ဖွယ်ရှိနေသည်။

စစ်ပွဲဂိမ်းတွင် ရုရှား၏ မအောင်မြင်သော ယူကရိန်းကို ကျူးကျော်မှုကို နမူနာ ထည့်သွင်းစဉ်းစားထားပြီး ယင်းကို ဝါရှင်တန်အခြေစိုက် အမေရိကန်လုံခြုံရေးအသစ်စင်တာ (CNAS)၊ ပင်တဂွန်အရာရှိဟောင်းများ၊ အမေရိကန် လွှတ်တော်အမတ်များနှင့် ရုပ်သံလိုင်း NBC တို့က ဦးစီးလုပ်ဆောင်ခဲ့သည်ဟု Taiwan News သတင်းတွင် ဖော်ပြထားသည်။

စစ်ဆင်ရေး၏ မူလရည်ရွယ်ချက်မှာ ထိုင်ဝမ်၏ ခေါင်းဆောင်မှုကို လျင်မြန်စွာ ဖြတ်တောက်စေရန် တရုတ်က ကြိုးပမ်းသွားမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ပါက ဂျပန်နှင့် ဂူအမ်ရှိ အမေရိကန် အခြေစိုက်စခန်းများကိုကြို တင်တိုက်ခိုက်မည်ဖြစ်သည်။

အမေရိကန်ကလည်း စစ်ပွဲဂိမ်းအခြေအနေတွင် တရုတ်ဆိပ်ကမ်းများကိုဝင်တိုက်ခြင်းဖြင့် လက်တုံ့ပြန်လိမ့် မည်ဖြစ်ပြီး ယင်း၏ မဟာမိတ်များကို တပ်ဖြန့်သွားမည်ဖြစ်သည်။

အခြေအနေများ ပိုမိုတင်းမာလာစေကာ တရုတ်က ပြင်းထန်သော အစီအမံများကို ဆောင်ရွက် လိမ့်မည်ဟု Taiwan News သတင်းက ဖော်ပြသည်။

'ပဋိပက္ခပထမပတ်အပြီးမှာ အမေရိကန်နဲ့ တရုတ် ၂ ဖက်စလုံးက အသာစီးရနိုင်ဖွယ်မရှိပါဘူး။ နောက်ဆုံး မှာ ကြာရှည်တဲ့ ပဋိပက္ခဖြစ်လာပါလိမ့်မယ်' ဟု NBC သတင်းဌာနက CNAS ကျွမ်းကျင်သူတွေကို ကိုးကားပြီး ဖော်ပြခဲ့သည်။

'စစ်ပွဲဂိမ်းက ပဋိပက္ခတွေ ဘယ်လောက်မြန်မြန် ကြီးထွားလာနိုင်တယ်ဆိုတာကို ပြသခဲ့ပြီး တရုတ်နဲ့ အမေရိကန်က အန္တရာယ်မျဉ်းတွေကို ဖြတ်ကျော်ခဲ့ပါတယ်။'

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly