အင်ဒိုနီးရှား၌ ပါကစ္စတန်ရွှေ့ပြောင်းနေထိုင်သူများက တရားမဝင် လိုက်လံအလှူခံမှုများ ရှိနေ

အင်ဒိုနီးရှား၌ ပါကစ္စတန်ရွှေ့ပြောင်းနေထိုင်သူများက တရားမဝင် လိုက်လံအလှူခံမှုများ ရှိနေ

အင်ဒိုနီးရှားနိုင်ငံတွင် ရောက်ရှိနေသော တရားမဝင် ပါကစ္စတန်ရွှေ့ပြောင်းနေထိုင်သူအချို့သည် ဗလီများ၌ လိုက်လံ အလှူခံမှုများ လုပ်ဆောင်နေသည်ကို တွေ့ရှိထားပြီး ယင်းက အစ္စလမ်အလေ့အထ ဇကာသ် (အလှူပေးခြင်း) ကို ဂုဏ်သိက္ခာ စွန်းထင်းစေသလို ဖြစ်နေကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

ပါကစ္စတန်မှ ဖြစ်သော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ၏ လုပ်ရပ်များက အင်ဒိုနီးရှားအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ကို ပြသနေသည်။

မြင့်မြတ်သော အလေ့အထတစ်ခုဖြစ်သလို အစ္စလမ်ဘာသာ၏ မဏ္ဍိုင်များအနက် တစ်ခုအဖြစ် ရှုမြင်နိုင်သည့် ဇကာသ်သည် လူသန်းနှင့်ချီတို့၏ ဆင်းရဲဒုက္ခများကို သက်သာလျော့ပါးစေနိုင်စွမ်းရှိသည့် ပေးကမ်းစွန့်ကြဲမှု ပုံစံတစ်ခု ဖြစ်သည်။

မွတ်စလင် အများစု ရှိရာ လူဦးရေ အသိပ်သည်းဆုံးသော အင်ဒိုနီးရှားနိုင်ငံသည် ဇကာသ် အပါအဝင် ဤအကျင့်ကောင်းများကို အားပေးသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည် ဆိုသော်လည်း ပါကစ္စတန်မှ အဆိုပါ တရားမဝင် ကွန်ရက်များ ရှိနေခြင်းက လက်ရှိတွင် နိုင်ငံကို ထိခိုက်မှုများ ဖြစ်စေလျက် ရှိသည်။

အဆိုပါ ပါကစ္စတန် ရွှေ့ပြောင်းများသည် ခွင့်ပြုချက်မရဘဲ အလှူခံရန် ဗလီများသို့ လှည့်လည် သွားလာနေသည်ကို တွေ့မြင်ထားရသည်ဟု ဒေသတာဝန်ရှိသူများက ပြောသည်။

ယခုအခါ အဆိုပါ လူပုဂ္ဂိုလ်များကို မကြာမီ ပါကစ္စတန်သို့ ပြည်နှင်ဒဏ်ပေးရန် အင်ဒိုနီးရှား အာဏာပိုင်များက စီစဉ်နေကြောင်း သတင်းများက ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly