တရုတ်က လက်တင်အမေရိကတွင် ချေးငွေထုတ်ပေးသည့် နည်းဗျူဟာကို ပြောင်းလဲ

တရုတ်က လက်တင်အမေရိကတွင် ချေးငွေထုတ်ပေးသည့် နည်းဗျူဟာကို ပြောင်းလဲ

တရုတ်က လက်တင်အမေရိကတွင် ချေးငွေမဟာဗျူဟာကို ပြောင်းလဲခဲ့ပြီး ယခုအခါ အစိုးရအချင်းအချင်း ချေးငွေများပေးမည့်အစား ဒေသတွင်းတွင် လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီများကို ငွေကြေး ထောက်ပံ့ရန် အာရုံစိုက်နေပြီဖြစ်သည်။

တရုတ်၏မူဝါဒဘဏ်များသည် လက်တင်အမေရိကအစိုးရများကို ၂၀၂၀ပြည့်နှစ်ကတည်းက ချေးငွေအသစ်များ ပေးအပ်ခြင်းကို ရပ်ဆိုင်းခဲ့သည်။

ယင်းအစား ဒေသတွင်း၌ တရုတ်ဘဏ္ဍာရေးချဉ်းကပ်မှုအသစ်က စွမ်းအင်၊ သတ္တုတူးဖော်ရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် ပုဂ္ဂလိကဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှုများအပေါ် အာရုံစိုက် ထားသည်။

တရုတ်၏မူဝါဒရေးရာဘဏ်များသည် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများသို့ ချေးငွေများ ထုတ်ချေး နေသော်လည်း အဆိုပါချေးငွေများမှာ ရပ်တန့်နေပြီး၊ ပြီးခဲ့သည့် ၂နှစ်အတွင်း အစိုးရအချင်းအချင်း ချေးငွေ အသစ်ထုတ်ပေးခြင်းမရှိသေးကြောင်း Voice of America သတင်းတွင် ဖော်ပြထားသည်။

၂၀ဝ၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းနှင့်အတူ အစိုးရအချင်းချင်း ချေးငွေများ အရှိန်မြှင့်တက်လာခဲ့ပြီး ထွန်းသစ်စဈေးကွက်များအတွက် ဘဏ္ဍာရေးရွေးချယ်ခွင့်များကို လျှော့ချပေးခဲ့သည်။

အာဂျင်တီးနား၊ အီကွေဒေါနှင့် ဗင်နီဇွဲလားကဲ့သို့သော နိုင်ငံများသည် အနောက်တိုင်းနိုင်ငံများမှ ယူထားသည့် ကြွေးမြီများပြားနေပြီဖြစ်သဖြင့် တရုတ်ဘက်သို့ လှည့်လာခဲ့သည်။

တရုတ်ချေးငွေအများဆုံးရရှိသည့် ၃ နိုင်ငံမှာ ဘရာဇီး၊ အီကွေဒေါနှင့် ဗင်နီဇွဲလားတို့ဖြစ်သည်။ ယင်းနိုင်ငံများ၏ သဘာဝအရင်းအမြစ်များကို တရုတ်က လုပ်ပိုင်ခွင့်ကို အာမခံသည့် အခြေအနေများ ထိုချေးငွေများတွင် မကြာခဏ ပါဝင်လေ့ရှိသည်။

အဆိုပါ ဒေသသည် တရုတ်ဖွံ့ဖြိုးရေးဘဏ်နှင့် တရုတ်ပို့ကုန်-သွင်းကုန်ဘဏ် (Exim) တို့မှ အမေရိကန်ဒေါ်လာ ၁၃၈ ဘီလီယံ ချေးယူခဲ့ပြီး ဒေသတွင်းတွင် ချေးငွေ ၁၁၇ ခုကို ဖြန့်ကျက်ချေးထားသည်။

"လွန်ခဲ့တဲ့ဆယ်စုနှစ် ၂ခုက တရုတ်ကုမ္ပဏီတွေက ဒေသတွင်းနဲ့ လုံးဝဆက်စပ်မှုမရှိပါဘူး။ သူတို့က ဘယ်သူမှ မသိပါဘူး။ လုပ်ငန်းလည်ပတ်တဲ့အခြေအနေနဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်တွေလဲ နားမလည်ခဲ့ပါဘူး” ဟု ဝါရှင်တန်တွင် ကျင်းပသည့် Inter-American Dialogue တွင် အစီရင်ခံစာရေးသားသူများတွင် တစ်ဦးဖြစ်သည့် အာရှနှင့် လက်တင်အမေရိကအစီအစဉ်၏ ဒါရိုက်တာတစ်ဦးဖြစ်သူ မာဂရတ်မေရာက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly