ကော့သောင်း-ရနောင်း ရေကြောင်းလမ်းမှတဆင့် မြန်မာရွှေ့ပြာင်း အလုပ်သမား ၂၀၀ကျော် ပထမဆုံးအကြိမ် စေလွှတ်

By ကိုရွှေမြိတ်
24 May 2022
ကော့သောင်း-ရနောင်း ရေကြောင်းလမ်းမှတဆင့် မြန်မာရွှေ့ပြာင်း အလုပ်သမား ၂၀၀ကျော် ပထမဆုံးအကြိမ် စေလွှတ်

မေ ၂၄

မြန်မာ-ထိုင်း နယ်စပ် ဖြစ်သည့် ကော့သောင်း-ရနှောင်း ရေကြောင်းလမ်းမှ တဆင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ဦးရေ ၂၀၀ ကျော်ကို MOU စနစ်ဖြင့် ယနေ့ မေလ ၂၄ ရက်နေ့တွင် ပထမအကြိမ် စေလွှတ်သွားမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံး (Myanmar Labour Attache Office) ထံက သိရသည်။

လက်ရှိတွင် နှစ်နိုင်ငံ သဘောတူညီမှု အရ MOU စနစ်ဖြင့် ယနေ့ နံနက်ပိုင်းက ကနဦး ရောက်ရှိ လာသည့် အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း အယောက် ၃၀ အားပို့ဆောင်ခဲ့ပြီး ဖြစ်သည်ဟု အလုပ်သမား သံအရာရှိရုံး Myanmar Labour Attache Office မှ ဦးရဲလင်းက ဆိုသည်။

“အခု လက်ရှိ အယောက် ၃၀ ကို မနက်က ပို့လိုက်ပါပြီ။ နောက်ထပ် ၁၉၀ ကျော် ကျန်ပါသေးတယ်။ ရန်ကုန်ကနေ လေယာဉ်နဲ့ လာနေသေးလို့ မရောက်သေးတာ ”ဟု ဦးရဲလင်းက ပြော သည်။

အဆိုပါ အလုပ်သမားများကို အေဂျင်စီ နှစ်ခုမှ ချိတ်ဆက်၍ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ ချုံဖွန်မြို့ ရှိ Gand A Thaifruit Co., Ltd ဒူးရင်းသီး မုန့်စက်ရုံသို့ ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံကို MoU အလုပ်သမား စေလွှတ်မှု အဖြစ် မြဝတီ- မဲဆောက် လမ်းကြောင်းမှ တစ်ဆင့် မေ ၁၀ ရက်တွင် မြန်မာ အလုပ်သမား ၂၈၇ ဦးကို စတင် ပို့ဆောင်ခဲ့ပြီး မြဝတီ- မဲဆောက် လမ်းကြောင်း တစ်ခုတည်းမှပင် MUU လုပ်သား ၁,၁၁၅ ဦး အထိ ထိုင်းအစိုးရက ခေါ်ယူထားကြောင်း သိရ သည်။

#Mizzima

#ကော့သောင်း-ရနောင်း

#မြန်မာရွှေ့ပြောင်း

#အလုပ်သမား၂၀၀

#ထိုင်းနိုင်ငံ

#စေလွှတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly