ရှီကျင့်ဖျင်၏ ကိုဗစ်ထိန်းချုပ်ရေး မူဝါဒက တရုတ်တိုးတက်မှုကို အဟန့်အတားဖြစ်နေ

ရှီကျင့်ဖျင်၏ ကိုဗစ်ထိန်းချုပ်ရေး မူဝါဒက တရုတ်တိုးတက်မှုကို အဟန့်အတားဖြစ်နေ
Photo: EPA

တရုတ်တွင် ကိုဗစ်ကူးစက်မှု အစုလိုက်အပြုံလိုက်ဖြစ်ပွားပြီးနောက် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာမှုကို ထိန်းသိမ်းရန် ကြိုးပမ်းသည့်အနေဖြင့် ကိုဗစ်ကင်းစင်ရေးမူဝါဒကို အရှိန်မြှင့်တင်လိုက်ခြင်းက ကျဆင်းနေသော စီးပွားရေးအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည်။

ရှီ၏ ကိုဗစ်ကင်းစင်ရေး အသစ်တဖန် ကတိကဝတ်သည် စီးပွားရေး တိုးတက်မှုကို ဦးစားပေး လုပ်ဆောင်ရန် ဆန္ဒမရှိကြောင်း ဖော်ပြလိုက်ပြီး နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကိုသာ ဦးစားပေးချင်ပုံရကြောင်း The Diplomat က ဖော်ပြခဲ့သည်။

ကိုဗစ်ကင်းစင်ရေးမဟာဗျူဟာကို ရှီကျင့်ဖျင်၏ ကိုယ်ပိုင်အမြင်ဟု ရှုမြင့်ကြပြီး နိုင်ငံပိုင်မီဒီယာများက နိုင်ငံ၏ ကူးစက်ရောဂါကိုတိုက်ဖျက်ရေးအတွက် “ပုဂ္ဂိုလ်ရေးညွှန်ကြားချက်များ အစီအမံများ ဖော်ဆောင်ကြောင်း” မကြာခဏဖော်ပြလေ့ရှိသည်။

တရုတ်စီးပွားရေး အလွန်ကျဆင်းနေချိန်တွင် ပြင်းထန်လွန်းသည့် ကိုဗစ်ကန့်သတ်ပိတ်ဆို့မှုများ မကြာခဏ ချမှတ်ခြင်းကြောင့် လူအများ၏ မကျေနပ်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်။

နောက်ထပ် ၃လ သို့မဟုတ် ၆လ ဆက်လက်၍ ယင်းကဲ့သို့ ချမှတ်မှုများ ဆက်လက်ရှိနေပါက စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို ပိုမိုပြင်းထန်စွာ ခံစားလာရလိမ့်မည်ဖြစ်ကြောင်း ဒေသတွင်း တရုတ်မီဒီယာများ၏ ဖော်ပြချက်များကို ကိုးကား၍ The Diplomat က ဖော်ပြခဲ့သည်။

နောက်ဆုံးတွင် ကိုဗစ်ကင်းစင်ရေးမူဝါဒအပေါ် ဦးတည်ချက်ပြောင်းရန် တွန်းအားပေးနိုင်သည့် သမ္မတရှီ ရှောင်ရှားလိုသော နိုင်ငံရေးမတည်ငြိမ်မျိုးကို ဖြစ်ပေါ်စေနိုင်သည်။

တရုတ် GDP ၏ ထက်ဝက်ကျော်နှင့် အလုပ်အကိုင်ပေါင်း ၄၀ ရာခိုင်နှုန်းကျော်ပေးထားသည့် တရုတ် ဝန်ဆောင်မှုကဏ္ဍသည် ဧပြီလတွင် စံချိန်တင် ဒုတိယ အလျင်မြန်ဆုံးနှုန်းဖြင့် ကျဆင်းသွားခဲ့ပြီး ကုန်ထုတ် လုပ်မှုကဏ္ဍမှာလည်း ကျုံ့သွားခဲ့ကြောင်း CNN က ဖော်ပြခဲ့သည်။

အိုမီခရွန်က တရုတ်၏ အခြားဒေသများတွင် ပျံ့နှံ့နေချိန်တွင် လက်တစ်ဆုပ်စာမျှသာရှိသော ကူးစက်မှုများကို ထိန်းချုပ်ရန် ဒေသဆိုင်ရာ အစိုးရများသည် လျင်မြန်သော ပိတ်ဆို့ကန့်သတ်မှုများကို ပြုလုပ်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly