ရှမ်းမြောက် နမ့်ဆန် မီးလောင်ကျွမ်းမှု ညနေ၆နာရီကျော်ထိ ငြိမ်းသတ်နိုင်ခြင်းမရှိသေး

ရှမ်းမြောက် နမ့်ဆန် မီးလောင်ကျွမ်းမှု ညနေ၆နာရီကျော်ထိ ငြိမ်းသတ်နိုင်ခြင်းမရှိသေး

ဖေဖော်ဝါရီ(၄)ရက်၊ ရန်ကုန်။        ။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ မီးလောင်ကျွမ်းမှုသည် ညနေ(၆)နာရီအထိ မီးငြိမ်းသတ်နိုင်ခြင်းမရှိသေးပဲ အိမ်ခြေ(၁၀၀)ကျော် မီးလောင်ကျွမ်းသွားပြီဖြစ် ကြောင်း နမ့်ဆန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယနေ့ နေ့လည် ၁ နာရီ ခွဲတွင် မင်္ဂလာရပ်ကွက်မှ စတင်မီးလောင် ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းရာသို့ နမ့်ဆန် မီးသတ်အပြင် ကျောက်မဲမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် သီပေါမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယဉ်များရောက်ရှိ ငြိမ်းသတ် နေပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ(ညနေ ၆ နာရီ) မီးထိမ်းနိုင်ခြင်း မရှိသေးကြောင်း နမ့်ဆန် မြို့နယ် ရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲတပ်ကြီးတစ်ဦးက   ပြောသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့ ကလည်း နမ့်ဆန်မြို့မှာ မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၅၀) ကျော်နှင့် ကာလတန်ဖိုး သိန်းရှစ်ထောင်ကျော် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရပြီး ယခုမီးလောင်ကျွမ်းမှုသည် ယခင်ကထက်အခြေအနေပိုဆိုးကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly