ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားဒေသ၌ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရ

By Zee5
22 May 2022
ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားဒေသ၌ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရ

ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယား (PoK) ဒေသသည် ယခုအခါ ကြီးလေးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ယင်းသို့ ဖြစ်ခြင်းမှာ အစိုးရအာဏာပိုင်တို့က သဘာဝအရင်းအမြစ်များကို အပြည့်အဝ ထုတ်ယူသုံးစွဲခြင်းနှင့် သစ်တောပြုန်းတီးခြင်းတို့ကြောင့် ဖြစ်သည်။

သစ်ထုတ်လုပ်ရန် သစ်ပင်များကို မဆင်မခြင် ခုတ်လှဲနေခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း PoK ဒေသခံများက ပြောဆိုကြသည်။ ယင်းကဲ့သို့ သစ်ပင်များကို မဆင်မခြင် ခုတ်လှဲခြင်းက သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသလို တရားမဝင် သိမ်းပိုက်ခံဒေသ၌ အပူချိန်များကိုလည်း မကြုံစဖူး ပူနွေးစေသည်။

သဘာဝ အရင်းအမြစ်များ အကြီးအကျယ် ပျက်စီးနေမှုများအတွက် မူဇက်ဖာရာဘတ် ခရိုင် ကောင်စီ၏ အုပ်ချုပ်ရေးမှူးဟောင်း ခါရှီးဒ် ဟူစိန် ကီယာနီက ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းက မူလကတည်းက အထိမခံသော ဂေဟစနစ်ကို ချောက်ကမ်းပါးစွန်းသို့ ရောက်ရှိစေသည်ဟု ပြောသည်။ သို့သော် ၎င်းတို့၏
အတိဒုက္ခများကို ပါကစ္စတန်အစိုးရက ဆက်လက် မျက်ကွယ်ပြုထားကြောင်း ကီယာနီက ပြောသည်။

“သစ်ပင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့က အရေးကြီးလှပါတယ်။ သစ်ပင်တွေ ခုတ်လှဲတာက ပူပြင်းတဲ့ အပူချိန်တွေကို ဖြစ်စေပါတယ်။  သစ်ပင်ခုတ်လှဲတာတွေကို ရပ်သင့်ပါတယ်။ ဒါက သစ်တောတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးအကြီးဆုံး ကိစ္စပါ” ဟု ၎င်းက ပြောသည်။

“ဒေသမှာ ရေကန်တွေ တူးပေးမယ်ဆိုပြီး အစိုးရက ကတိကဝတ်တွေ အများကြီး ပေးထားခဲ့ပေမယ့် တကယ်တမ်းမှာ ဘာကန်မှ တူးမပေးပါဘူး” ဟု ၎င်းက ပြောသည်။

ထို့ပြင် ဒေသသို့ ခရီးသွားဧည့်သည်များ လာရောက်ရေး ဆွဲဆောင်နိုင်ရန် တည်းခိုစရာ နေရာထိုင်ခင်း အပြင်အဆင်များနှင့် အခြားအစီအမံ အထောက်အပံ့များ ပံ့ပိုးဖြည့်ဆည်းပေးရန် အစိုးရဘက်မှ ပျက်ကွက် နေမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ကီယာနီက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly