အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်း၌ အမျိုးသမီးများနှင့် လူငယ်များ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းမှု မြင့်တက်နေ

အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်း၌ အမျိုးသမီးများနှင့် လူငယ်များ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းမှု မြင့်တက်နေ

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း ဘက်ဒက်ခ်ရှန်ပြည်နယ်၌ အထူးသဖြင့် အမျိုးသမီးများနှင့် လူငယ်များ မိမိကိုယ်ကို သတ်သေရန် ကြိုးပမ်းမှု မြင့်တက်နေခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ပြီးခဲ့သည့် ၃လအတွင်း အမျိုးသမီးများနှင့် လူငယ်များအပါအဝင် လူ ၃၀ ဦးခန့်သည် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းခဲ့ကြပြီး ဆေးရုံသို့ ရောက်ရှိခဲ့ကြသည်ဟု ဘက်ဒက်ခ်ရှန်ပြည်နယ် ကျန်းမာရေး အရာရှိများက ပြောကြောင်း Tolo News က ဖော်ပြသည်။

“စုစုပေါင်းအနေနဲ့ ပြီးခဲ့တဲ့ ၃လအတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးပမ်းမှုဖြစ်စဉ် ၂၉ ခု အထိ ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ၂၇ ယောက်က အမျိုးသမီးတွေ ဖြစ်ပြီး ၂ဦးကတော့ အမျိုးသားတွေ ဖြစ်ပါတယ်” ဟု ဘက်ဒက်ခ်ရှန် ပြည်နယ် ဆေးရုံအကြီးအကဲ ဟိုမာယွန်း ဖိုရူတန်က ပြောသည်။

အာဖဂန်အမျိုးသမီးများအကြား သေကြောင်းကြံရန် ကြိုးပမ်းမှု မြင့်တက်လာခြင်း၏ အကြောင်းရင်းက နိုင်ငံတွင်း အကြမ်းဖက်ခံရမှု၊ ဆင်းရဲမွဲတေမှုတို့နှင့် သက်ဆိုင်နေသည်ဟု ဖိုရူတန်က ပြောကြောင်း Tolo News က ဖော်ပြသည်။

“ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့ဖြစ်မှုတို့ကတော့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရခြင်းရဲ့ အဓိက အကြောင်းရင်းတွေဖြစ်ပါတယ်။ နောက်ပြီး အဲဒီလူတွေရဲ့ အိမ်ထောင်ဘက်တွေဟာလည်း အလုပ်လက်မဲ့ ဖြစ်နေသူတွေ၊ ကြီးမားတဲ့ စီးပွားရေး ဖိအားတွေအောက် ကျရောက်နေသူတွေ ဖြစ်ကြပါတယ်” ဟု ဖိုရူတန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly