တိဗက်ရေးရာအမေရိကန် အထူးကိုယ်စားလှယ် ဓမ္မရှာလာမြို့သို့ ရောက်ရှိ

By The Print
22 May 2022
တိဗက်ရေးရာအမေရိကန် အထူးကိုယ်စားလှယ် ဓမ္မရှာလာမြို့သို့ ရောက်ရှိ

တိဗက်ရေးရာအမေရိကန်အထူးညှိနှိုင်းရေးမှူး အူဇရာဇီယာသည် မေ ၁၈ ရက်က ဓမ္မရှာလာမြို့သို့ ရောက်ရှိ ခဲ့ပြီး ၎င်း၏ခရီးစဉ်သည် တိဗက်အရေးကိစ္စအတွက် အမေရိကန်၏ သိသာထင်ရှားသော ပံ့ပိုးကူညီမှုကို ဖော်ညွှန်း သည့် အဆင့်မြင့် ခရီးစဉ်တစ်ခုဖြစ်သည်။

ဘိုင်ဒင်အစိုးရမှ အဆင့်မြင့်အရာရှိတစ်ဦး၏ ပထမဆုံးလာရောက်လည်ပတ်မှုအတွက် သူမကို တိဗက် လူမျိုးများက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

ဇီယာသည် ဒါရမ်ရှာလာတွင် ၂ ရက်နေပြီး အဝေးရောက်အသိုင်းအဝိုင်းမှ တက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံမည်ဖြစ်သလို မေလ ၁၉ ရက်တွင် ဒလိုင်းလားမားနှင့်တွေ့ဆုံမည်ဖြစ်သည်။

ဗဟိုတိဗက်အုပ်ချုပ်ရေးအဖွဲ့ သမ္မတ ပန်ပါဆာရင်သည် ပြီးခဲ့သည့်လက ဝါရှင်တန်သို့ သွားရောက်ပြီးနောက် မကြာမီတွင် ယခုခရီးစဉ် ပြုလုပ်ခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း ဆာရင်သည် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီနှင့်အတူ အမေရိကန်အထူးကိုယ်စားလှယ်နှင့်လည်း တွေ့ဆုံခဲ့သည်။

ဇီယာသည် နိုင်ငံခြားရေးဝန်ကြီး ဗီနေမိုဟန်ကွာထရာနှင့် မေလ ၁၇ ရက်က ဒေသတွင်း အပြန်အလှန် အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များအတွက် စေ့စပ်ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ဇီယာသည် မေ ၁၇ ရက်မှ ၂၂ ရက်အထိ အိန္ဒိယနှင့် နီပေါသို့ သွားရောက်မည်ဖြစ်သည်။ သူမသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက တိဗက်ရေးရာကိစ္စများအတွက် အထူးညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

တိဗက်ရေးရာနိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ကလည်း အမေရိကန်အထူးညှိနှိုင်းရေးမှူးအဖြစ်ခန့်အပ်ခံရသည့် ဇီယာကို ကြိုဆိုခဲ့ကြပြီး ဒလိုင်းလားမား၏ သံတမန်များနှင့် တရုတ်ခေါင်းဆောင်များအကြား ဆွေးနွေးမှု မြှင့်တင်ရာတွင် တက်ကြွစွာ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly