ဂျပန်အစိုးရက တရုတ်နိုင်ငံရှိ ကုမ္ပဏီများကို ပြည်တွင်းသို့ ပြန်ရွှေ့ရန် တိုက်တွန်း

ဂျပန်အစိုးရက တရုတ်နိုင်ငံရှိ ကုမ္ပဏီများကို ပြည်တွင်းသို့ ပြန်ရွှေ့ရန် တိုက်တွန်း

တရုတ်အစိုးရ၏ ကိုဗစ်ကင်းစင်ရေးမူဝါဒသည် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ဖြန့်ဖြူးရေးကွင်းဆက်များကို အနှောက် အယှက်ဖြစ်စေသောကြောင့် ဂျပန်က တရုတ်နိုင်ငံရှိ ယင်း၏ ကုမ္ပဏီများကို ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများကို ဂျပန်သို့ ပြန်ရွှေ့ရေးကို စတင်တိုက်တွန်းနေသည်။

ထုတ်လုပ်ဖြန့်ဖြူးရေးကွင်းဆက်များကို ပိုမိုကျယ်ပြန့်စွာ ပြန်လည်အကဲဖြတ်ရန် ဂျပန်၏ နိုင်ငံတကာ ကုမ္ပကြီးများကို အစိုးရက တိုက်တွန်းနေသည်။

အခွန်မက်လုံးများ၊ ထောက်ပံ့ကြေးများနှင့် အခြားအကျိုးခံစားခွင့်များနှင့်အတူ ကုမ္ပဏီများသည် ဂျပန်သို့ ပြန်လည်ပြောင်းရွှေ့ရန် ကြိုးပမ်းနေကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။

ကပ်ရောဂါသည် နိုင်ငံအများအပြား၏ လက်ရှိ ထုတ်လုပ်ဖြန့်ဖြူးရေးကွင်းဆက်များ ထူထောင်ခြင်းနှင့် ပတ်သက်ပြီး ယင်းတို့၏ အမြင်ကို ပြောင်းလဲစေခဲ့ပြီး ယင်းတို့သည် တရုတ်မှ ထွက်ခွာရန်နှင့် အခြားနိုင်ငံများကို ရွေးချယ်မှုများကို စဉ်းစားနေသည်။

တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာခြင်းနှင့် ရှီကျင့်ဖျင်၏ အတင်းအကျပ် ကိုဗစ်ကင်းစင်ရေး မူဝါဒကို တရုတ်၏ အဓိက ပို့ကုန်အချက်အချာသော ရှန်ဟိုင်းသည် အကောင်အထည်ဖော်ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ဖြန့်ဖြူးရေး ကွင်းဆက်များ ထိခိုက်စေခဲ့သည်။

၂၀၂၁ခုနှစ်တွင် ရှန်ဟိုင်းဆိပ်ကမ်းသည် တရုတ်ကုန်စည်ပို့ဆောင်မှု၏ ၂၀ ရာခိုင်နှုန်းကို ဆောင်ရွက်ခဲ့သည်။ တားဆီးကန့်သတ်မှုများကြောင့် ကုမ္ပဏီအများအပြားသည် စက်ရုံများကို ပိတ်ပစ်ခဲ့ရသည်။

ဥပမာ Toyota နှင့် Volkswagen ကဲ့သို့သော အမှတ်တံဆိပ်များအတွက် အဓိက မော်တော်ယာဉ် ထုတ်လုပ်ရေး အချက်အချာဖြစ်သည့် ချန်းချွန်မြို့ကို ပိတ်ဆို့ကန့်သတ်ထားသည်။ 

ကွန်တုံပြည်နယ်ရှိ အထည်ချုပ်ဆေးဆိုးစက်ရုံကို ပိုင်ဆိုင်သူချန်ရှင်းက ထောက်ပံ့ပို့ဆောင်ရေး အကျပ် အတည်းကြောင့် ကုန်အမှာစာ အများစုကို မပေးပို့နိုင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်အစိုးရ၏ မူဝါဒများ၏ သက်ရောက်မှုက ကပ်ရောဂါကြောင့် ဖြစ်ရသည့် ပြဿနာများထက် ပိုဆိုးကြောင်း ၎င်းအမြင်ကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required