အမေရိကန်တပ်ဖွဲ့ဝင်များ ယခင်က ကြေညာထားသည်ထက် ပိုမိုများပြားစွာ အီရတ်သို့ ရောက်ရှိနေ

အမေရိကန်တပ်ဖွဲ့ဝင်များ ယခင်က ကြေညာထားသည်ထက် ပိုမိုများပြားစွာ အီရတ်သို့ ရောက်ရှိနေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄ ။              ။ ပင်တဂွန်က ယခင်က ကြေညာထားသည်ထက် အီရတ်သို့ နောက်ထပ် အမေရိကန်တပ်ဖွဲ့ဝင်ရာနှင့် ချီ၍ ရောက်ရှိနေသည်ဟု အမေရိကန် အရာရှိတစ်ဦးက ပြောသည်။

အိုင်အက်စ်အကြမ်းဖက်သမားများကို တိုက်ခိုက်သော စစ်ပွဲ၏ အစိတ်အပိုင်းအဖြစ် ဒေသခံလုံခြုံရေးတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရန်နှင့် လက်နက်တပ်ဆင်ပေးရန် အီရတ်မြေပေါ်တွင် အမေရိကန် တပ်ဖွဲ့ဝင် ၃,၅၀၀ရှိသည်ဟု ယခင်က ပင်တဂွန်က ကြေညာထားသည်။ သို့သော်လည်း ယခုအခါတပ်ဖွဲ့ဝင်အရေအတွက်မှာ ၃,၈၇၀ သို့တိုးမြင့်ရောက်ရှိနေသည်ဟု သိရသည်။

တပ်ဖွဲ့ဝင်များ သဘာဝကျစွာ အလှည့်ကျ ဝင်ထွက်ခြင်းဖြစ်၍ နောက်ထပ်ရာပေါင်းများစွာ ရှိမည်ဖြစ်ကြောင်း အီရတ်မြို့တော်ဘဂ္ဂဒက်တွင် စခန်းချနေသည့် အမေရိကန်ကြည်းတပ် ဗိုလ်မှူးကြီး စတိဗ်ဝါရင်က ပြောသည်။

မြေပြင်တပ်ဖွဲ့ဝင်များအပြင် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် အိုင်အက်စ်တို့ကို ပစ်မှတ်ထားကာ အီရတ်နှင့် ဆီးရီးယားတွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။ မူလက ဆီးရီးယား အစိုးရကို ဖြုတ်ချရန် ၂၀၁၂က ဂျော်ဒန်တွင် စီအိုင်အေက လေ့ကျင့်ပေးသော အိုင်အက်စ်စစ်သွေးကြွများသည် ယခုအခါ အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေအများအပြားကို သိမ်းပိုက်ထားသည်။

ထိုစဉ် ရုရှားကလည်း ဆီးရီးယားအစိုးရကို တိုက်ခိုက်နေသော စစ်သွေးကြွများအပေါ် စစ်ဆင်ရေးအရှိန်မြင့်လျက်ရှိသည်။ မော်စကို၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအချို့အပါအဝင် အကြမ်းဖက်သမားရာပေါင်းများစွာ သေဆုံးသည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly