ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းသည် CPEC စီမံကိန်းများကို ဖျက်ဆီးခဲ့ဟု လက်ရှိဝန်ကြီးချုပ် စွပ်စွဲ

By The Print
20 May 2022
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းသည် CPEC စီမံကိန်းများကို ဖျက်ဆီးခဲ့ဟု လက်ရှိဝန်ကြီးချုပ် စွပ်စွဲ

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းသည် ဒေါ်လာ ဘီလီယံများစွာတန် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းများကို လိမ်လည်ထားသည့် စာရင်းစစ်ဆေးမှု လုပ်ဆောင်ခြင်းအားဖြင့် ပျက်စီးစေခဲ့သည်ဟု လက်ရှိပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က မေလ ၈ ရက်တွင် စွပ်စွဲပြောဆိုလိုက်သည်။ ထိုကဲ့သို့ CPEC စီမံကိန်းများကို မှုခင်းစာရင်းစစ်ဆေးမှု လုပ်ဆောင်ခြင်းက တရုတ်အာဏာပိုင်များကို အမျက်ထွက်စေခဲ့သည်ဟု ရှာရစ်က ပြောသည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်သည် လာဟိုးမြို့၌ ပါကစ္စတန် သတင်းစာ အယ်ဒီတာများ ကောင်စီ (CPNE) ၏ ကိုယ်စားလှယ်အဖွဲ့တစ်ခုနှင့် တွေ့ဆုံစဉ် CPEC မအောင်မြင်မှုအတွက် အီမရန် ခန်းတွင် တာဝန်ရှိကြောင်း စွပ်စွဲပြောဆိုခဲ့သည်ဟု မီဒီယာသတင်းဖော်ပြချက်တစ်ရပ်ကို ကိုးကားပြီး The Express Tribune က ဖော်ပြသည်။

၎င်းအနေဖြင့်ကမူ ညီနောင်ရင်းချာ နိုင်ငံများ၊ အခြားနိုင်ငံများနှင့် ဆက်ဆံရေးကို အပြန်အလှန် လေးစားမှုနှင့် အပြန်အလှန် အကျိုးစီးပွားတို့အပေါ် အခြေတည်ပြီး ထိန်းသိမ်းသွားမည်ဟု ရှာဘတ်ဇ် ရှာရစ်က ပြောသည်။

ပါကစ္စတန်သည် ဂွာဒါတွင် ဒေါ်လာ သန်း ၃၀၀ ကျော် တန်ကြေး ရှိသည့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ စီမံကိန်းသုံးခုကိုသာလျင် ပြီးမြောက်ထားနိုင်ခဲ့ပြီး ရေပေးဝေမှုနှင့် လျှပ်စစ်ဓာတ်အားပေးမှု အပါအဝင် ဒေါ်လာ ၂ ဘီလီယံနီးပါး ကုန်ကျသည့် စီမံကိန်း တစ်ဒါဇင်ခန့်သည် မပြီးစီးသေးသည့် အခြေအနေတွင် ဆက်ရှိနေဆဲဖြစ်သည်ဟု CPEC အာဏာပိုင်အဖွဲ့က ထုတ်ဖော်သည်။

ယင်းနိုင်ငံသည် စီမံကိန်းများ၊ အစီအစဉ်များ၏ မူလစီစဉ်ထားသည့် သက်တမ်းကာလအတိုင်း ပြီးစီးမှုပိုင်းတွင် နောက်ကျနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required