တရုတ်က ကိုဗစ်စည်းမျဉ်းများဖြင့် ရုန်းကန်နေရသောကြောင့် ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုများကို နေရာရွှေ့

တရုတ်က ကိုဗစ်စည်းမျဉ်းများဖြင့် ရုန်းကန်နေရသောကြောင့် ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုများကို နေရာရွှေ့

တရုတ်၏ နာမည်ဆိုးဖြင့်ကျော်ကြားသော ကိုဗစ်လုံးဝင်ကင်းစင်ရေးမူဝါဒသည် လွဲမှားသော ကျိုးကြောင်း ပြချက်များကြောင့် ပြည်သူများ၏ အမျက်ဒေါသကို ရင်ဆိုင်ခဲ့ရသလို ပြီးဆုံးဖွယ်မရှိသော အသွားအလာ ပိတ်ဆို့မှုနှင့် ပြင်းထန်သော ရောဂါထိန်းချုပ်ရေးအစီအမံများကြောင့် တရုတ်ရှိ ဥရောပနှင့် အမေရိကန်ကုမ္ပဏီများ သည် မတည်ငြိမ်သော ရင်းနှီးမြှုပ်နှံမှုအပေါ် စိုးရိမ်လာကြသည်။

တရုတ်နိုင်ငံတွင် မပြီးဆုံးနိုင်သော ကန့်သတ်မှုများက အနှောင့်အယှက်ဖြစ်ဆဲဖြစ်သောကြောင့် များစွာသော နိုင်ငံခြားကုမ္ပဏီများသည် ၎င်းတို့လုပ်ငန်းများကို ပိတ်သိမ်းကာ နေရာပြောင်းရန် စဉ်းစားလာကြသည်။

နိုင်ငံခြားလုပ်ငန်းရှင်များ ထွက်မသွားကြရန် တောင်းဆိုသော ဆောင်းပါးတစ်ပုဒ်ကို မေ ၁၂ ရက်က နိုင်ငံပိုင်မီဒီယာ ဆင်ဟွာသတင်းတွင် ရေးသားခဲ့သော်လည်း ကုမ္ပဏီများသည် တွက်ချက်စိစစ်ပြီးဖြစ်ကြောင်း The Hong Kong Post ကဖော်ပြသည်။

ကိုဗစ်-၁၉ ကိုထိန်းချုပ်ရန် သတ်မှတ်ထားသော နိုင်ငံ့မူဝါဒများကြောင့် နိုင်ငံခြားကုမ္ပဏီများသည် ၎င်းတို့လုပ်ငန်းများကို ရှေ့ဆက်ရန် တွန့်ဆုတ်နေကြသည်။

ဥရောပကုမ္ပဏီများက တရုတ်၏ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်များကို ဆိုးဆိုးရွားရွားထိခိုက်ကြောင်း၊ ဝန်ထမ်းများလျှော့ချခဲ့ရကာ ဝင်ငွေခွန်ခန့်မှန်းချက်များလည်း ကျဆင်း ရကြောင်းနှင့် ဝန်ထမ်း ၃ ပုံ ၁ ပုံနီးပါးကို အလုပ်ထုတ်ခဲ့ရကြောင်း ပြောသည်ဟု တရုတ်ရှိ ဥရောပ ကုန်သည်ကြီးများ အသင်း၏ မေလ ၅ ရက်ထုတ် စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

တရုတ်ရှိ နိုင်ငံခြားကုမ္ပဏီများသည် ၎င်းတို့ရင်းနှီးမြှုပ်နှံမှုများကို တခြားဈေးကွက်များသို့ ပြောင်းရွှေ့ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

ပြည်တွင်းစစ်တမ်းတစ်ခုအရ ကုမ္ပဏီပေါင်း ၃၂၇ ခုအနက် ၂၃ ရာခိုင်နှုန်းသည် လက်ရှိ သို့မဟုတ် လျာထားသော ရင်းနှီးမြှုပ်နှံမှုများကို တရုတ်ပြည်မကြီးမှ ရွှေ့ပြောင်းရန် စဉ်းစားနေကြပြီး ဇန်နဝါရီလကပြုလုပ်ခဲ့သည့် စစ်တမ်းထက် ရာခိုင်နှုန်း ၂ ဆတိုးလာကာ ဆယ်စုနှစ်အတွင်း ရာခိုင်နှုန်းအများဆုံးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required