ရှီကျင့်ဖျင် အာဏာရှင်အစိုးရလက်ထက်တွင် တရုတ်လူမျိုးများ မပျော်ရွှင်

ရှီကျင့်ဖျင် အာဏာရှင်အစိုးရလက်ထက်တွင် တရုတ်လူမျိုးများ မပျော်ရွှင်

တရုတ်ကွန်မြူနစ်ပါတီသည် တရားရေးစနစ်အပေါ်လွှမ်းမိုးမှုကို ပွင့်ပွင့်လင်းလင်း ကြေညာထားပြီး တရားရေးရာလွတ်လပ်ခွင့်ကိုလည်း ပယ်ချထားချိန်မှာ တရုတ်နိုင်ငံသားများသည် မပျော်ပိုက်သော အခြေအနေတွင် ဆက်ရှိနေကာ ပါတီ၏ အာဏာရှင်ဆန်သောအုပ်ချုပ်မှုစနစ်ကို ရင်ဆိုင်ရလျက်ရှိသည်။

ကွန်မြူနစ်တရုတ်နိုင်ငံရှိ ဒေသန္တရတရားရုံးများသည် နိုင်ငံအတွင်းတွင် အထင်ကြီးလေးစားမှု ခံရလေ့မရှိကြောင်း The Hongkong Post က ဖော်ပြသည်။

မဲဆွယ်လှုပ်ရှားမှုပုံစံ တရားစီရင်မှုသည် တရားဥပဒေစိုးမိုးရေးကိုချိုးဖောက်မှုဖြစ်ကြောင်း တရုတ်ကွန်မြူနစ် ပါတီက ကောင်းကောင်းသတိထားမိသလို အာဏာလက်ဝါးကြီးအုပ်မှုကို ပြည်သူထောက်ခံမှုအတွက် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များနှင့် ထိုသို့သောမဲဆွယ်လှုပ်ရှားမှုမျိုး၏ အန္တရာယ်ကို ကောင်းစွာ သိနေကြသော်လည်း တရုတ်သည် ကမ္ဘာတွင် လူ့အခွင့်အရေးအချိုးဖောက်ဆုံးသူဖြစ်သောကြောင့် ပြည်သူများ မပျော်ရွှင်ရမှုမှာ
ပိုမိုတိုးပွားလာသည်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအတွက် ရှီကျင့်ဖျင်၏တွန်းအားပေးမှုအောက်တွင် ပြည်နယ် ၅ ခု၌ သီတင်းနှစ်ပတ်အတွင်း ရာဇဝတ်မှုအတွက် သံသယရှိသူပေါင်း ၁ ၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း မီဒီယာတစ်ခုက ဖော်ပြသည်။

ရဲတပ်ဖွဲ့သည် ၃ နှစ်ကြာ ကြိုးပမ်းမှုအတွင်း အမှုပေါင်း ၂၄၆ ၀၀၀ ကို နှိမ်နင်းခဲ့ပြီး ရှေ့နေများက အမှု ၃၆ ၀၀၀ ကို စွဲချက်တင်ခဲ့သလို ထိုအမှုများထဲတွင် တရားခံပေါင်းမြောက်မြားစွာ ပါဝင်ပတ်သက်နေသည်။

တရားခံပေါင်း ၂၂၅ ၅၀၀ ပါဝင်ပတ်သက်သော အမှု ၃၂ ၉၀၀ ကို စီရင်ချက် ချခဲ့သည်။

ထို့ပြင် ပြစ်ဒဏ်ချမှတ်ထားသော ပစ်မှတ်များမှ ပိုင်ဆိုင်မှုများကို သိမ်းဆည်းမှုသည် ဒေသန္တရ အစိုးရ များစွာအတွက် အခွန်မဟုတ်သော ၀င်ငွေရင်းမြစ်တစ်ခုဖြစ်လာပြီး ရှီကျင့်ဖျင်၏ အစိုးရတွင် အမြစ်တွယ် လာသော ကြီးမားသောအဂတိလိုက်စားမှုအပေါ် အလေးပေးလာသည်။

နိုင်ငံရေးအကြီးအကဲများ၏ အမိန့်အရ ရဲတပ်ဖွဲ့များ၊ အစိုးရရှေ့နေများ သို့မဟုတ် တရားသူကြီးများသည် ၎င်းတို့ တောင်းဆိုချက်များကို ငြင်းဆန်သော သူများကို ရာဇဝတ်မှုဖြင့် ဖမ်းဆီးခြင်းနှင့် အခါအားလျော်စွာ အပြစ်ပေးခြင်းတို့ကို ပြုလုပ်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required