တရုတ်ထိပ်တန်းခေါင်းဆောင်များထံမှ ဒွိဟသတင်းစကားများက သမ္မတနှင့် ဝန်ကြီးချုပ်အကြား သဘောထားကွဲလွဲနေခြင်းကို ဖော်ပြနေ

By BLOOMBERG
20 May 2022
တရုတ်ထိပ်တန်းခေါင်းဆောင်များထံမှ ဒွိဟသတင်းစကားများက သမ္မတနှင့် ဝန်ကြီးချုပ်အကြား သဘောထားကွဲလွဲနေခြင်းကို ဖော်ပြနေ

တရုတ်နိုင်ငံ၏ အလုပ်အကိုင်အခြေအနေသည် ရှုပ်ထွေး ဆိုးရွားကြောင်း ဝန်ကြီးချုပ် လီကေကျန်း မေ ၇ ရက်က သတိပေးချက်သည် လပေါင်းများစွာ ယင်းကိစ္စနှင့် ပတ်သက်ပြီး နှိုးဆော်နေသူများ အတွက်ပင် အလွန်အမင်းစိုးရိမ်ဖွယ်ရာဖြစ်သည်။

သို့သော် ယင်းသည် အခြားအကြောင်းအချက်အနေဖြင့် သမ္မတ ရှီကျင့်ဖျင်၏ ကိုဗစ်-၁၉ ကင်းစင်ရေး မဟာဗျူဟာကို ဖော်ပြခဲ့ခြင်းမရှိပေ။

မကြာသေးမီရက်ပိုင်းအတွင်းက တရုတ် သမ္မတနှင့် ဝန်ကြီးချုပ်တို့ပါဝင်သည့် ပေါ်လစ်ဗျူရို အမြဲတမ်း ကော်မ တီက ရှန်ဟိုင်းမြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့များကို ကန့်သတ်ပိတ်ဆို့ထားသည့် ကိုဗစ်-၁၉ ထိန်းချုပ်ရေး မူဝါဒများကို မေးခွန်းမထုတ်ရန် တရုတ်ပြည်သူများကို သတိပေးခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့် ထိုထုတ်ပြန်ချက်တွင် စီးပွားရေးအကြောင်း ဖော်ပြထားခြင်းမရှိပေ။

ကိုဗစ်-၁၉ ကို ဖယ်ရှားပြီး စီးပွားရေးကို မြှင့်တင်ရန် နည်းလမ်းရှာဖွေရမည့် ဒေသဆိုင်ရာ အရာရှိများကို စိတ်ရှုပ် ထွေးစေသည့်အပြင် တရုတ်၏ သြဇာအာဏာအရှိဆုံး ခေါင်းဆောင်များထံမှ ဒွိဟဖြစ်စေသော သတင်းစကား များသည် ကပ်ရောဂါဘေးမှ အကောင်းဆုံးနည်းလမ်းဖြင့် ထွက်ပေါက်ရရန်အတွက် ထိပ်ပိုင်းတွင် သဘောထား ကွဲလွဲခြင်းရှိမရှိ မေးခွန်းထုတ်စရာများ ရှိလာနေသည်။

ပွင့်လင်းမြင်သာမှုမရှိသော တရုတ်အစိုးရအတွင်း သမ္မတနှင့် ဝန်ကြီးချုပ်အကြား အာဏာလွန်ဆွဲပွဲ ပေါ်ပေါက် လာသည့် လက္ခဏာများအတွက် အနီးကပ် စိစစ်ထားသည်။

ထိပ်တန်းနေရာအတွက် ပြိုင်ဘက်အဖြစ် တစ်ချိန်က သတ်မှတ်ခံရသည့် ၎င်းတို့နှစ်ဦးသည် မူဝါဒချမှတ်ရာတွင် ကွဲပြားမှုများအတွက် စံပြုသူများအဖြစ် ဆက်လက်ရှု့မြင်ခံနေရပြီး သမ္မတရှီက ပိုမို၍ အယူဝါဒဆိုင်ရာဝါဒီများကို ကိုယ်စားပြုပြီး ဝန်ကြီးချုပ်လီက နည်းပညာဆိုင်ရာ ထုံးတမ်းစဉ်လာများကို ကိုယ်စားပြုသည်။

'ရှီနဲ့ လီတို့က ပုဂ္ဂိုလ်ရေးအရ အပြင်းအထန်သဘောထားကွဲလွဲနေတယ်လို့ ပြောဖို့ ခက်ပေမဲ့ သူတို့ရဲ့ ထုတ်ပြန်ချက်တွေက ကိုဗစ်-၁၉နဲ့ ပတ်သက်တဲ့ စနစ်အတွင်း ကွဲပြားတဲ့ အမြင်တွေကို ကိုယ်စားပြုနေပါတယ်'ဟု ပါတီ- တရုတ်ကွန်မြူနစ်အုပ်စိုးသူများ၏ လျှို့ဝှက်ကမ္ဘာ စာအုပ်ကို ရေးသားသူ ရစ်ချက် မက်ဂရီဂေါက ပြောကြားခဲ့သည်။

'နောက်ထပ်ပိတ်ဆို့ကန့်သတ်ချက်တွေအတွက် ပေးရတဲ့ စီးပွားရေး ထိခိုက်မှုတန်ဖိုးက ထိုက်တန်ရဲ့ လားဆိုတဲ့ စစ်မှန်တဲ့ ငြင်းခုံမှုတစ်ခု တရုတ်ပြည်မှာ လိုအပ်နေပါပြီ။' ဟု ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly