တရုတ်တွင် ဂျုံရိတ်သိမ်းရန် မသေချာခြင်းက ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်နေ

တရုတ်တွင် ဂျုံရိတ်သိမ်းရန် မသေချာခြင်းက ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်နေ

တရုတ်တွင် ရေလွှမ်းမိုးမှုများနှင့် တင်းကျပ်သော ပိတ်ဆို့ကန့်သတ်မှုများကြောင့် လယ်ယာစိုက်ပျိုးရေးကို အနှောက်အယှက်ဖြစ်နေသည်။

လာမည့်ဇွန်လအတွင်း တရုတ်တွင် ဆောင်းရာသီ ဂျုံရိတ်သိမ်းနိုင်ရန် မသေမချာသောကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ပြီး ရုန်းကန်နေရသော ကမ္ဘာ့စီးပွားရေးအတွက် အခက်ကြုံနိုင်သည်။

လာမည့်ရက်သတ္တပတ်များအတွင်း တရုတ်တွင် ဂျုံရိတ်သိမ်းမှု အခြေအနေဆိုးရွားပါက ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများတွင် ငတ်မွတ်မှုနှင့် ဆင်းရဲမွဲမှုကို ဖြစ်ပေါ်စေမည့် အစားအစာဈေးနှုန်းမြင့်တက်မှုများ ပိုမိုဖြစ်ပေါ် လာနိုင်သည်ဟု New York Times က ဖော်ပြခဲ့သည်။

တရုတ်တွင် ပြီးခဲ့သည့် ဆောင်းဦးရာသီတွင် ရေလွှမ်းမိုးမှုကြောင့် စိုက်ပျိုးမြေများ ရေနစ်မြုပ်သွားခဲ့ပြီး ဂျုံပင်များ အလွယ်တကူ အမြစ်မတွယ်နိုင်တော့ပေ။

ထို့ပြင် တရုတ်အစိုးရက ချမှတ်ထားသော ကိုရိုနာ ဗိုင်းရပ်စ် ကန့်သတ်ပိတ်ဆို့မှုများကြောင့် ဓာတ်မြေသြဇာများ ရောက်ရှိလာမှုကို နှောင့်နှေးစေသည်ဟု အသက် ၄၅ နှစ်အရွယ် လယ်လုပ်သူ ရမ်ရွှီရှားက ဆိုသည်။

စားနပ်ရိက္ခာလုံလုံလောက်လောက်ထောက်ပံ့ရေးသည် တရုတ်တွင် ထိပ်တန်းပြဿနာ ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။ တရုတ်နိုင်ငံ ကို တည်ထောင်သူ မော်စီတုံး၏ အမွေအနှစ်သည် ၁၉၆၀ ပြည့်နှစ်များ အစောပိုင်းတွင် လူသန်းပေါင်းများစွာကို အငတ်ဘေးဖြင့် သေဆုံးစေခဲ့သော စိုက်ပျိုးရေးဆိုင်ရာ စမ်းသပ်မှုများကြောင့် အမည်းစက်ထင်ခဲ့ရသည်။

ပြင်းထန်သော စည်းကမ်းချက် အများအပြားက တရုတ်တွင် အပျက်အဆီးများစေခဲ့သည်။

ယင်းတို့အနက် တစ်ခုမှာ စိုက်ပျိုးရေးအတွက် နိုင်ငံတော်၏ ရည်မှန်းချက်ကိုပြည့်မီရေး ဆောင်ရွက်ခြင်း ဖြစ်သည်။

ဝါရှင်တန်ရှိ နိုင်ငံတကာစားနပ်ရိက္ခာမူဝါဒသုတေသနဌာနမှ အကြီးတန်းသုတေသီ ဂျိုးဆက် ဂေါ်ဘာက “တရုတ်မှာ အရေးပေါ်အခြေအနေအတွက် ဂျုံအမြောက်အများရှိပါတယ်” ဟု ဆိုခဲ့သည်။

သို့သော် သိုလှောင်မှု ညံ့ဖျင်းခြင်းကြောင့် အချို့သည် တိရစ္ဆာန်စာအတွက်သာ အဆင်ပြေနိုင်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required