မန်ချက်စတာ၊ ဖေဖော်ဝါရီ ၄ ။ ။ ချယ်လ်ဆီးအသင်းမှ ထုတ်ပယ်ခံထားရသည့် နည်းပြမော်ရင်ဟိုသည် မန်ယူအသင်းနှင့် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဟု ကောလာဟလ သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ထိုသတင်းကို Sky Sport Italia က ဖော်ပြခဲ့ခြင်း ဖြစ်ပြီး မော်ရင်ဟိုသည် လာမည့်ရာသီတွင် မန်ယူနည်းပြဖြစ်လာရန် အလွန်နီးစပ်နေပြီဟု ဆိုသည်။
မော်ရင်ဟိုမှာ ချယ်လ်ဆီးအသင်းမှ ထုတ်ပယ်ခံရပြီးနောက်တွင် မန်ယူအသင်းနှင့် သတင်းအများအပြားထွက်ခဲ့သူဖြစ်ပြီး ၎င်း၏ပြိုင်ဘက်ဟောင်း ဂွါဒီယိုလာ မန်စီးတီးနည်းပြဖြစ်လာပြီးနောက်တွင် ထိုသတင်းများမှာ ပိုမို အသံထွက်လာခဲ့သည်။
မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့သည် လာလီဂါတွင် ရီးယဲလ်နှင့် ဘာစီလိုနာတို့ကို ကိုင်တွယ်ခဲ့ကြပြီး ပြင်းထန်သည့်ပြိုင်ဘက်များ ဖြစ်ခဲ့ကြသလို လာမည့်ရာသီတွင်လည်း မန်ချက်စတာမြို့ခံပြိုင်ဘက်များ ဖြစ်လာဖွယ်ရှိနေသည်။
ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း